Sunday, July 17, 2016

" တွေ့သောသူနှင့်ဆက်စပ်သည့် အတွေးများ "

  " တွေ့သောသူနှင့်ဆက်စပ်သည့် အတွေးများ "

အကျင့်သီလပြည့်စုံသော
ရဟန်းတပါးကို ခွေးဆိုးများကတွေ့သော အခါ
ထိုးဟောင် မာန်ဖီကိုက်ခဲဖို့ တွေး၏။
သံဃာ့ဂုဏ်တော် ကြည်ညိုသော
ဗုဒ္ဓ္ဓဘာသာဝင်တို့တွေ့သောအခါ
ပူဇော်အထူးဖြင့် ပူဇော်ဖို့ တွေး၏။

သူတပါးရှိခိုးဦးချ ပူဇော်သော အရာများအား
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များတွေ့သောအခါ
သူများယောင်၍ လိုက်ယောင် ဦးချ ဖင်ထောင်ရှိခိုးဖို့တွေး၏။
ဗုဒ္ဓဘာသာဝင်အစစ်များက တွေ့သောအခါ
အသိဥာဏ်ဖြင့် သင့်မသင့် တွေး၏။

ရွှေအတိ စေတီပုထိုးများအား ကွန်မြူနစ်များမှ
တွေ့သောအခါ တခုမကျန်မြေလှန်၍ ရွှေခွာချကာ
တိုင်းပြည်အား ဝေလိုက်မည်ဟု တွေး၏။
ဗုဒ္ဓဘာသာဝင် တယောက်က တွေ့သောအခါ
နောင်လာနောက်သားတို့ ကိုးကွယ်ပူဇော် စိတ်အေးချမ်းစေဖို့နှင့်
ကုသိုလ်အမှု ပြုနိုင်ကြစေရန် အစဉ်အဆက်ပြုပြင်ထိန်းသိမ်းနိုင်ဖို့
တွေး၏။

သီလပြည့်စုံသော သင်္ကန်းဝတ်ရဟန်းအား
အကြမ်းဖက်သမားတို့တွေ့သောအခါ
အဓမ္မ ဆဲဆို သတ်ဖြတ်ဖို့ တွေး၏။
အပြန်အလှန်ယုံကြည်မှု လေးစားတတ်သော
ဘာသာခြားတို့ တွေ့သောအခါ သင့်တင့်သော
ရိုသေသမှုပြု၏။

အသင်းအဖွဲ့အစည်း တခုအား
မိုက်မဲသော ပညာမဲ့ခေါင်းဆောင် တွေ့သောအခါ
အာဏာ အားကိုးဖြင့် မလိုအပ် ဟုဆိုကာ ဖျက်သိမ်းဖို့ တွေး၏။
အသိလိမ္မာသည့် ပညာရှိသော ခေါင်းဆောင် တွေ့သောအခါ
ဥပဒေနှင့် ညီညွတ်စေ၍ တိုင်းပြည်အကျိုးအတွက်
အသုံးချဖို့ တွေး၏။

မှတ်ချက် >>>
ဖြစ်တည်မှုတခုကို မလိုအပ်ဘူးလို့
ယတိပြတ် အစွန်းရောက်ပြောဆိုပြီး မဖျက်ဆီးခင်
သင့်တင့်ကောင်းမွန်သော  ရပ်တည်မှုနဲ့
အသုံးချလို့ရနိုင်မယ့်နေရာ အရင် ရှာကြည့်ပါဦး။

                                  မောင်သုခ
                                 (10- July- 2016)

No comments:

Post a Comment