Sunday, July 17, 2016

" ဖိုးထောင် နှင့် ဆယ်လီ ရာလီ သီအိုရီ "

" ဖိုးထောင် နှင့် ဆယ်လီ ရာလီ သီအိုရီ "

ဖိုးထောင်သည် မြိုင်သာယာရွာသား။
ဖေ့စ်ဘုတ်တွင် ဆယ်လီဖြစ်ချင်လွန်း၍ မိဘများသေလွန်သဖြင့်
အမွေအနှစ်ထားခဲ့သော တဲစုတ်လေးရောင်းကာ ရွာထိပ်ဇရပ်တွင်
စတည်းချ၍ အိုင်ဖုန်းဝယ်ခဲ့၏။လတ်တလော နေစရာမရှိ။ဇရပ်သည်
သူ့အိမ်ပင်။

ဖိုးထောင် အလွန်ပျော်၏။ယခုဆိုလျှင် ဆယ်လီ ရာလီ သီအိုရီအရ
ကျင့်ကြံရာ သူလည်း ဖော်လိုဝါ သုံးသောင်းခန့် ရှိပြီး ဖရန့် ငါးထောင်
ပြည့်နေသော ဆယ်လီတယောက်မဟုတ်လော။

သူ၏ ပရိုဖိုင်းကား ပြည်သူ့အချစ်တော် ကွီးဖြိုး၏ ပုံ။
သူ့ဖေ့ဘုတ် အမည်ကား ကွီးဖြိုး ။
သူ၏ စတေးတပ်များကား NLD ထောက်ခံသည့် စတေးတပ်များ။
အထူးသဖြင့် ကွီးဖြိုးပြောသမျှ ထောက်ခံသည့် ပိုစ့်များပင်။
သူ၏ ဖရန့်များ  ဖော်လိုဝါများမှာလည်း ပြည်သူ့အချစ်တော်
NLD ပါတီ ထောက်ခံသူများလေ၏။

ယခုလည်း ကွီးဖြိုး လေသေနတ်အပစ်ကောင်း၍
မဟန ရှိ၍ မဘသ မလို ပြဿ   နာ ဖြစ်လေပြီ။ဒါမျိုးတော့
ဖိုးထောင်တို့ ဂွင်ကောင်းပင် ။ဆယ်လီ ရာလီ သီအိုရီ  အရ ကွီးဖြိုးအား လွှတ်ထောက်ခံသည့် ပိုစ့်များရေးလိုက်လေက
ဖော်လိုဝါ များစွာ တက်လာပေဦးမည်။

ဖိုးထောင်ပိုစ့်အောက်  ကွီးဖြိုးအား ဆန့်ကျင်သည့်ကောမန့်လာမန့်
သူများအား ဖိုးထောင် အချက်ပြလိုက်လျှင် ဖော်လိုဝါများ နှင့် ဖရန့်များက
ဝိုင်းကိုက် ဝိုင်းအာ ဝိုင်းဆဲပေမည်။ထပ်အတင့်ရဲလာက ရီပို့ထုကြမည်။
ထပ်အတင့်ရဲက အမှုဖွင့်မည်။တရားစွဲဆိုမည်။
ဖိုးထောင်သည် ဆယ်လီတယောက် မဟုတ်လော။
သို့သော် မဘလော့ခ် ဖိုးထောင် မည်သူ့ကိုမှ မဘလောခ့် ။
ဘလော့ခ်စရာ မလိုအောင်ကို စီမံပြီးသား။

ယခုလည်း မဟန ရှိ၍  မဘသမလို ကြောင်း
ကွီးဖြိုးပြောသည်မှာ ဘုရားဟောထက်မှန်ကြောင်း
ပိဋကတ်တော်ပင် ဘုရားဟော ဟုတ်မဟုတ်
အဘိဓမ္မာသည် ဘုရားဟော ဟုတ်မဟုတ် ဖေ့ဘုတ်ပေါ်
အငြင်းပွားနိုင်သော်လည်း ကွီးဖြိုးစကားကတော့
အငြင်းပွားဖွယ်မရှိ။မဖောက်မပြန် မှန်ကန်သော
သစ္စာလေးပါးတရားတော်ကဲ့သို့ အမှန်ပင်ဖြစ်ကြောင်း ပိုစ့်တင်ထား၏။
ကြည့်စမ်း Like ပေါင်း ငါးသောင်းကျော်၍ ရှဲလ်သူ တသောင်းကျော်ကာ
ဖော်လိုဝါ သုံးသောင်းအထိ တိုးပွား၏။ဒါပဲလေ ဒါက
ဆယ်လီ ရာလီ သီအိုရီ။

ဆယ်လီ ရာလီ သီအိုရီ အရ
ဘာမှသိဖို့မလို ။NLD ထောက်ခံသော ပိုစ့်နှင့် ကွီးဖြိုးပြောသမျှ
အလုံးစုံ မှန်ကန်ကြောင်း ပိုစ့်တင်တတ်လျှင် ဆယ်လီဖြစ်ပေပြီ။

ကောမန့်များတွင် လာမေးကြ ။လာပြောကြ ။လာငြင်းကြ။
လာဆွေးနွေးကြ၏။မေးသမျှ ဖိုးထောင် ဖြေ၏။

မဘသ က လုံးဝသုံးစားမရတဲ့ အဖွဲ့အစည်းလား ....????
>>> ဟုတ်တယ် သုံးစားမရ ။

ဘာဖြစ်လို့ မဘသ က သုံးစားမရတာလဲ ....????
>>> ကွီးဖြိုးက မဘသ  မလိုဘူး ပြောလို့ ။

ISIS နဲ့  မဘသ ဘယ်အဖွဲ့က အစွန်းရောက်လဲ.....????
>>> မဘသ က အစွန်းရောက်တယ်။

ဘာဖြစ်လို့ အစွန်းရောက်တာလဲ ....????
>>> ကွီးဖြိုးက မဘသ မလိုဘူး ပြောလို့ ။

မဘသ က အမျိုး ဘာသာ သာသနာ အတွက် လုပ်တာတွေတခုမှ
မရှိဘူးလား ...????
>>> ဘာတခုမှ မရှိ ။

ဘာဖြစ်လို့ ဒီလို ပြောနိုင်တာလဲ ....????
မဘသ ကျောင်းတွေက စာသင်သားရဟန်းတွေ ဘကကျောင်းတွေက
မဘသ ရဟန်းတွေ ရှိတာ ပဲ မဟုတ်လား ....????
>>> မဘသ မလိုပါ။ဘာမှ သုံးမရ။ ကွီးဖြိုးက မဘသ မလိုဘူး ပြောလို့ ။

မဘသ မရှိတာနဲ့ မြန်မာပြည်ကြီး နေ့ချင်း ညချင်း
စီးပွားရေး လူမှုရေး ပညာရေး သာသနာရေး အားလုံး
အဆင်ပြေပြီပေါ့နော်....?????
မဘသ ကြောင့် မြန်မာပြည်ကြီး ဆင်းရဲနေတာပေါ့နော် ...????
>>>  ဟုတ်တယ် အဆင်ပြေပြီ။ မဘသ မရှိရင် အားလုံး
အို စကေပြီ။စိုပြေ ပြီ။တတိုင်းပြည်လုံး ထိုင်စားရုံသာ။

အော် ဟုတ် ။ ဘာလို့ ဒီလို ပြောနိုင်တာလဲ ခင်မျ ....????
>>> အို့ ရှင်းနေတာပဲ။ ကွီးဖြိုးက မဘသ မလိုဘူး ပြောလို့ ။

ထိုနှယ် ဤနှယ် ထိုသို့ ဤသို့ ဖေ့ဘုတ်လောက၏ ဖရန့် ငါးထောင် နှင့်
ဖော်လိုဝါ သောင်းကျော်ရှိသော ဖိုးထောင်တယောက်
သူ့ပိုစ့်အောက်တွင် အမေး အဖြေ လုပ်ကောင်းနေတုန်း
ဇရပ်ထုပ်တန်းမှ ခိုမခင်မျာ ၀မ်းလျှောနေသောကြောင့်
ထိန်းမနိုင် သိမ်းမရ ဖိုးထောင် မျက်နှာ အပေါ် မစင်စွန့်ချလိုက်သည့်
အခါသမယ မြိုင်သာယာ ရွာသား ဖိုးထောင်တယောက်
အိပ်မက်မှ လန့်နိုးလာလေတော့ သတည်း .....................................
............................................,..............................................................
...............................................................................................................

                                (8- July- 2016)
                                 မောင်သုခ

No comments:

Post a Comment