Sunday, July 17, 2016

" ဆိုးပေ၏ အိပ်မက် "

" ဆိုးပေ၏ အိပ်မက် "

ဆိုးပေသည် လူတယောက်မဟုတ်။
ခွေးတကောင်မဟုတ်သလို
ကြောင် ကြွက် ငှက် ကျား ဆင်
ခြင်္သေ့အစရှိသည့်သေးသွယ်ကျဉ်းမြောင်းလှသော
အမျိုးဂုဏ် ဇာတိဂုဏ်မရှိသည့် ပမွှားစာရင်းဝင်
သတ္တဝါငါးပိတို့နှင့် လားလားမျှမပက်သက်သော
အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားသည့် သတ္တလောက၏
မူလဘူတမျိုးနွယ် မဟာ့ မဟာ ဆွေကြီးမျိုးကြီး
အတုမရှိ မျောက်တကောင် ဖြစ်ပေသည်။

ဆိုးပေလတ်တလော နေထိုင်ရာ နေရာသည်ကား ….,
ပဲခူးရိုးမအနီး ဆယ်ရွာပိုင်သူကြီး ဦးသူတော်၏ နေအိမ်တွင်ဖြစ်၏။
ဆိုးပေ၏ တခုတည်းသော ရည်ရွယ်ချက်သည်ကား
ကမ္ဘာလောကကို အောက်တန်းစားလူသားမျိုးနွယ်တို့လက်မှ
ကယ်တင်ကာ သမိုင်းအစဉ်အလာ ကြီးမား၍ မျိုးရိုးမြင့်မားသည့်
မျောက်မျိုးနွယ်များမှ ပြန်လည်ထိန်းချုပ် အုပ်စိုးရေးဖြစ်၏။

လောလောဆယ် ဆိုးပေသည် မြန်မာနိုင်ငံတွင်ဖြစ်၍
မြန်မာနိုင်ငံကို အရင် ထိန်းချုပ်အုပ်စိုးကာ ကမ္ဘာသို့ခြေဆန့်ရန်
ဖြစ်သည်။ကမ္ဘာအနှံ့ မျောက်မျိုးနွယ်စုအသီးသီးသည်လည်း
ဆိုးပေ၏ ဆက်သွယ်မှုကွန်ယက် အသုံးချနိုင်နင်းမှုကြောင့်
ဆိုးပေကို ဘုရားသခင်ဟူ၍ အမည်တပ်ကာ တောင့်တ
ဦးညွှတ်လျက် ရိုသေသမှု နေ့စဉ်ပြုနေကြပြီ။

ဆိုးပေတွင် ပဲခူးရိုးမတောအတွင်းနေထိုင်လျက်
လှုပ်ရှားနေသော တပည့်ကျော် သုံးယောက်ရှိ၏။
၎င်းးတို့အမည်များမှာ အလ္လာ ဂေါ့ဒ် ဗုဒ္ဓ ဟူ၍ ဖြစ်သည်။
ဤသုံးယောက်၏ ပြောဟောသမျှသည် ဆိုးပေ ချမှတ်သော
အမိန့်တော်နှင့် အမှာစကားများဖြစ်ကြောင်း တပည့်ကျော်သုံးယောက်မှ
အဟောအပြောကောင်းကောင်းနှင့် မျောက်မျိုးနွယ်စုများအား
ဝါဒဖြန့်လျက်ရှိရာ ဆိုးပေသည် ကမ္ဘာလောကမျောက်မျိုးနွယ်စုများအတွက်
ဘုရားသခင်ပင် ဖြစ်နေတော့သတည်း ။

ခရစ်ယာန် သမ္မာကျမ်းစာလာ ကုရ်အာန်ကျမ်းလာ
အာဒမ် ဧ၀ တို့သည် အမှန်တကယ်တော့
ဆိုးပေတို့ မျောက်မျိုးနွယ်ပင်ဖြစ်သည်။
အာဒမ် ဧ၀ မှသားသမီးများသည် အချင်းချင်းပြန်လည်
မျိုးစပ်ကာ လူသားမျိုးနွယ်ကို အဆင့်ဆင့် မျောက်ဘဝမှ
ဆင့်ကဲပြောင်းလဲမှု အသွင်အရ ပျံ့ ပွါးထွန်းကားစေခဲ့ခြင်းသာ။
ထို့ကြောင့် ကမ္ဘာလောက တွင် ပွင့်ထွန်းပေါ်ထွန်းခဲ့သော
ခရစ်ရှနား ဗုဒ္ဓ ယေရှု မိုဟာမက် အစရှိသူ လမ်းပြပုဂ္ဂိုလ်တို့သည်
အရင်းစစ် အမြစ်မြေကဆိုသည့်နှယ် ဆိုးပေတို့ မျောက်မျိုးနွယ်မှ
ဆင်းသက်သူတွေချည်း ဖြစ်၏။

ဗုဒ္ဓပါရမီဖြည့်စဉ်ကာလ မျောက်ဘဝ
အဖြစ်အပျက်များကို ကြည့်ရုံနှင့်လည်း ဆိုးပေတို့
မျောက်မျိုးနွယ်၏ အရေးပါသော အခန်းကဏ္ဌကို မြင်နိုင်သည်။

ကုရ်အာန်  7:166 - 5:60 - 2: 65 တို့တွင်လည်း အလ္လာ ဘုရားသခင်သည်
ယုတ်ညံ့သော လူသားများအား မြင့်မြတ်သော ဆိုးပေတို့
မျောက်ဘ၀သို့ ပြောင်းလဲခဲ့ကြောင်း အောက်ပါအတိုင်း
အထင်အရှားတွေ့နိုင်ပေမည်  >>>>>>>>

(((7:166. So when they insolently refused to keep away from that which they were forbidden, We condemned them to be (as) apes despised.

5:60. Say, ‘Shall I inform you of those who shall receive from Allâh a recompense worse than that of those (who try to find fault with Us)? They are those whom Allâh has deprived of His blessings and upon whom He brought His displeasure and indignation and of whom He has made (as) apes and swine and who serve the transgressor (- the devil). It is these who are indeed worse-placed and farther astray from the right path.’

2:65. And indeed you have come to know (the end of) those of you who transgressed regarding the Sabbath. Thereupon We said to them, ‘Be you (as) apes, despised.’ ))) ..............................

ထို့ကြောင့် လူသားမျိုးနွယ်၏
မိခင်ဆိုလည်းဟုတ် ဖခင်ဆိုလည်းဟုတ် ကျေးဇူးရှင်ဆိုလည်းဟုတ်
ကိုးကွယ်ရာဆိုလည်းဟုတ်သည့် ဆိုးပေတို့မျောက်မျိုးနွယ်အား
အာဏာရှင်ခေတ်တွင် ပြည်သူလူထုကို ချောင်ထိုးသည့်နှယ်
လူသားတို့ ပြုမူနေကြသည်မှာ  အမြင်မတော်ပေ။
ဆိုးပေတို့ မျောက်မျိုးနွယ်သည် လုသားအပေါင်း ရှိခိုးဦးညွှတ်ရာ
သတ္တဝါများသာ ဧကန်အမှန်ဖြစ်သည်။ထို့ကြောင့်
ဘုရားစင်များတွင်လည်းကောင်း ချာ့ခ်ျကျောင်းများတွင်လည်းကောင်း
ဗလီဝတ်ပြုကျောင်းများတွင်လည်းကောင်း ဆိုးပေတို့
မျောက်မျိုးနွယ်အား ထားရှိပူဇော်ဝတ်ပြု ရှိခိုးရေးသည်
ဆိုးပေ၏ အိပ်မက်ဖြစ်သည်။ဆိုးပေတို့ မျောက်များ
ခံစားရထိုက်သော စစ်မှန်ပြည့်ဝစည်းကမ်းရှိသော
ဒီမိုကရေစီနှင့်အညီ မုချရသင့်သည့် မျောက်အခွင့်အရေးလည်း ဖြစ်၏။

ဆိုးပေနှင့် တပည့်သုံးယောက်
ရီဟာဆယ်
လေ့ကျင့်ခန်း အကြိမ်ကြိမ် ဆင်းခဲ့ကြဖူးသည်။
ဆိုးပေကိုယ်တိုင် ဦးသူတော်၏ ဇနီးဒေါ်မှုန် ဘုရားရှိခိုးစဉ် ဘုရားဆင်းတုအား ဘေးဖယ်၍ ပလ္လင်ထက်၌ ခန့်ခန့်ကြီးအပူဇော်ခံရာ  ဒေါ်မှုန်လည်းစိတ်လိုလက်ရ
မမြင်မစမ်းနှင့်  ဖင်ပူးတောင်းထောင်ရှိခိုးခဲ့၏။

ဤနည်းနှင်နှင် ချာ့ခ်ျကျောင်းများ ဗလီဝတ်ပြုကျောင်းများတွင်လည်း
ဆိုးပေနှင့် တပည့်များ အပူဇော်ခံဖူးကြသည်မှာ အကြိမ်ရေ
မနည်းလှပြီ။လူသားမျိုးနွယ် အပေါင်းသည် ဆိုးပေတို့ မျောက်မျိုးနွယ်များအား ဖင်ပူးတောင်းထောင် လက်နှစ်ဖက်ဟန်အမျိုးမျိုး အသုံးပြုကာ ပူဇော်သက္ကာရ
ပြုခဲ့ကြသည်ချည်းဖြစ်၏။

ဤသို့ လူသားမျိုးနွယ်များ တရားဝင် မျောက်မျိုးနွယ်များကို ပူဇော်ရှိခိုးဖို့ အခွင့်အရေးရရှိရန် တရားနှင့်အညီဖြစ်စေရန်လည်း
တရားရေးရာကျွမ်းကျင်သော ကမ္ဘာအရပ်ရပ်မှ မျောက်များတိုင်ပင်နှီးနောနှောနေကြပြီ။ကမ္ဘာတရပ်လုံး
မျောက်အခွင့်အရေးရရန်နှင့် လူသားတို့ကို စီမံအုပ်ချုပ်ရေးရရှိရန်
မျောက်မျိုးနွယ် ဆန္ဒပြပွဲကြီးကိုလည်း ပြုလုပ်ရန် အချိန်ကာလ
ရက် လ ညှိနှိုင်းနေကြပြီ။

ဆိုးပေ၏ အိပ်မက်မှာ မဝေးတော့ပြီ။
ဤသို့ အစီအစဉ်များကို အကွက်ကျကျ စီစဉ်သုံးသပ်နေသော
ဆိုးပေ၏  ဦးခေါင်းကို ကြိမ်နှင့်အတို့ခံလိုက်ရ၍
ဆိုးပေတယောက် ဘုရားသခင် မာန်ဖြင့် ဆူပူမာန်မဲကြိမ်းမောင်းရန် ကုန်းအထ
ဆိုးပေ အိပ်မက်မှ လန့်နိုးချေပြီ။

နေအတော် မြင့်နေပါရော့လား …???

အိပ်ကောင်းကောင်းဖြင့် အိပ်မက်မက်အိပ်ပျော်နေသော
ဆိုးပေကို ဦးသူတော်မှ ကြိမ်တို့နှိုးလိုက်ခြင်းပင်။
ခြေထောက်တွင် ကြိုးချည်ထား၍ ဝေးဝေးလံလံ
မသွားနိုင်သော မျောက်ကလေးဆိုးပေလည်း
ဦးသူတော် ပစ်ကြွေးသော
ငှက်ပျောသီးကို စားသောက်ရင်း ဘာတွေများအိပ်မက်မက်ခဲ့သလဲ
ခေါင်းကုတ် စဉ်းစားလေရာ အစအနမပေါ်တော့ချေ။

မိတ်ဆွေ သင်
မျောက်ကလေးဆိုးပေအား တွေ့လျှင်
သူ့ အိပ်မက် အကြောင်းလေး ပြောပြလိုက်ပါဦး။

                             မောင်သုခ
                            (18- Jun-2016)

မှတ်ချက် ။
မျောက်ကလေး ဆိုးပေ၏
အိပ်မက်သာဖြစ်ပါသည်။
မထိတ်လန့်ကြပါနှင့် လူသားမျိုးနွယ် အပေါင်းတို့ ။  :D   :P

No comments:

Post a Comment