" သေပြီးသည့် နောက် "
လယ်သမားတယောက်ဟာ
လယ်ထွန်ရင်း မိန်းမဦးခေါင်းခွံတခု လယ်ထဲကတွေ့တယ်ဗျ။
တွေ့တဲ့အခါ အရိုးခေါင်းကို သေချာ စေ့စေ့စပ်စပ် စပ်စုပြီး
လွှင့်ပစ်ဖို့ ဟန်ပြင်တဲ့အခါ အရိုးခေါင်းအပေါ် ရေးထားတဲ့
" သေပြီး သည့် နောက် " ဆိုတဲ့ စာသားလေးကို
ထွင်းရေးထားတာ မြင်တော့ စိတ်ဝင်စားမိပြီး
မလွှင့်ပစ်ဘဲ အိမ်သယ်သွားတယ်။
အဲဒီ့ အချိန်ကစပြီး
လယ်သမားခမျာ " သေပြီး သည့် နောက် " ဆိုတဲ့
အရိုးခေါင်းပေါ်က စာသားကို အဖြေရှာပြီး
နေ့ ရော ည ရော ခဏခဏ ထုတ်ထုတ်ကြည့်ရဲ့။
လူတကာ တွေ့လည်း သူစိတ်စွဲလမ်းနေအတဲ့
သေပြီး သည့်နောက်အကြောင်းပဲ
အစွဲကြီးကြီးနဲ့ ဆွေးနွေးလေရဲ့ ။
ကြာလာတော့ သူ့မိန်းမ က ဒီလို အတွေးပေါ်တယ်။
ဒီ အရိုးဦးခေါင်းခွံဟာ ငါ့ယောကျာ်း ရည်းစားဟောင်း ဒါမှမဟုတ်
မယားငယ် ရဲ့ ဦးခေါင်းခွံ ဖြစ်ရမယ်။ဒါ့ကြောင့် လွမ်းတသသနဲ့
ခဏခဏ ထုတ်ကြည့်တာနေတာ ဆိုပြီး
သူ့ယောကျာင်္း အလစ်မှာ အရိုးခေါင်းကို ဆုံထဲ ထည့်ထောင်း
ပါလေရော ။အာ့တော့ အမှုန့်ဖြစ်ပေါ့ဗျာ။ :D :D
လယ်သမား အိမ်ရောက်တော့ ထုံးစံအတိုင်း
သူအစွဲကြီးကြီးနဲ့ အဖြေရှာမရသေးတဲ့
သေပြီးသည့်နောက်ပြဿနာဇစ်မြစ် ဖြစ်တဲ့
အရိုးခေါင်းလေးကို ရှာတော့
မတွေ့လို့ ဇနီးသည်ကိုမေးတဲ့အခါ
ဇနီးသည် ပြန်ပြောလိုက်တာက ရှင့်မယားငယ် ဦးခေါင်းခွံ
ဆုံထဲ ထည့်ထောင်းလို့ ဟောမှာ အမှုန့်ဖြစ်ချေရဲ့ဆိုသတဲ့။
လယ်သမားလည်း " ဟေ " ဆိုတဲ့ တအံ့တသြ
အာမေဋိတ်သံနဲ့ အတူ တွေးမိသွားတာက
အော် အခုမှ
" သေပြီး သည့် နောက် " ပြဿနာ အဖြေရတယ်။
ဒီသေသွားတဲ့ အမျိုးသမီးခမျာ တယ်သနားဖို့
ကောင်းတာပဲ။" သေပြီး သည့် နောက် " တောင်
ဦးခေါင်းခွံဟာ ရွှံ့ နွံလူး လယ်ထဲ
ကျွဲတွေ နွားတွေ အကန်ခံရ
အခုလည်း သူများလင်ခိုးတယ် အစွပ်စွဲခံရပြီး
ဆုံထဲ ထည့်အထောင်းခံရလို့ အမှုန့် ဖြစ် ရှာသကိုး
ငါလည်း သေပြီးတဲ့ ကိစ္စပြဿနာကို အကျိုးမရှိ
လူတကာလျှောက်ပြောမိတာ ရှက်စရာပဲလို့ ဆိုပြီး
" သေပြီး သည့် နောက် " ပြဿနာ ပြီးဆုံးချေရဲ့။
--------------------- ---------------------------------
ဖတ်ဖူးသည့် စာအုပ်တအုပ်မှ စာစုအား
စိတ်ကူးပုံဖော် ပြန်လည်ရေးသားပါသည်။
မူရင်း အရေးအသားနှင့် မူရင်း ရေးသားသူ အားလေးစားစွါ
ခရက်ဒစ် ပေးပါသည်။
မောင်သုခ …
No comments:
Post a Comment