"ဗေဒင်ဆရာ မောင်မှန် "
မောင်မှန်သည် ဗေဒင်ဆရာ။
ဂဏန်းဗေဒင် lတားရော့ l အင်္ဂဝိဇ္ဇာ l နက္ခတ္တ l နိမိတ် l
မဟာကာလကြီး l သေသဝိဇ္ဇာ l တြိစန္ဒမင်းသားကို ကာလီဒါသ
ပညာရှိ သင်ပေးသော ဗေဒင်သုံးပုံကို
တပုံတည်းချုပ်သည့်
ဗေဒင်ပညာ lဆရာမင်းသိင်္ခ၏ ဧကံသဗျာကရဏဗေဒင်ပညာl
သုံးတန်ပေါ်နိစ် lအဋ္ဌလက်ခ် lနဝင်းကိုးခိုင် lနတ်စက်ရောင်
ဆရာတော်၏ ဗေဒင်ပညာ lအာတပ္ပနပညာ lလက္ခဏာဖတ်
အတတ်ပညာ lဓါတ်ဖန်လုံး lရေနိမိတ် l ဆန်း l
သာဝတ္တိဆန်း l ပယောဂ ပညာ l ဆေးကျမ်းအလီလီ
အစရှိသည့် ဗေဒင်နည်းနာ အဖြာဖြာနှင့်
တတ်သင့်တတ်ထိုက်သည်များကို
ဆရာအခါခါ တပည့်ခံ၍ ကိုယ်တိုင်လည်း
ဗေဒင်နည်း အသစ်အဆန်းထွင်နေသော
ဆရာတပါးဖြစ်၏။
ဗေဒင်ဆရာ တယောက်ဖြစ်ဖို့  လွယ်သည်မဟုတ်။
ယခုခေတ် လူအများ ပြောကြသလို ဗေဒင်ဆိုတာ လိမ်နေတာပါကွာ ဆိုသူများ မောင်မှန် အထက်က ပြခဲ့သည့်
ဗေဒင်နည်းနာနိသယျတို့ကို စုံအောင် စေ့အောင် လေ့လာပြီးမှ
ပြောတာလား ??? ဆရာတု ဆရာယောင်
တတ်ယောင်ကားများနှင့်တွေ့၍ အလိမ်ခံရသော
သူအချို့ ပြောစကားကြောင့် သူများယောင်လို့ လိုက်ယောင်သည်လား ??? စဉ်းစားကြည့်စေချင်သည်။
ဗေဒင်ဆရာ တယောက်သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရခြင်းl အချိန်တိုင်း မေတ္တာရှေးရှု ထုံမွှန်းနေရခြင်းl
မမှန်သောစကားကို မြူမျှပင် ရယ်သွမ်းသေးသည်မျှပင်
မပြောဆိုရခြင်း lကျမ်းဂန်သုတ ပြည့်စုံရခြင်း အစရှိသည်တို့လည်း လိုအပ်သေးသည်။ယခုထိ လူအများထင်သလို
ဗေဒင်ဆရာ အလိမ် မြူမျှ မြိုင်သာယာရွာတွင်
မပေါ်သေးချေ ။သူ့ဟာနဲ့သူ ဟုတ်နေ၏။
" မောင်မှန် ဗေဒင် ဟောပြီ "
ရွာမှ သူဋ္ဌေး ဦးစိန်ထွန်းနှင့် ဇနီး ဒေါ်သောင်းစိန် မောင်မှန်၏
ဗေဒင်ဟောခန်းကို ကမူးရှူးထိုး ပြေးလာ၏။အကြောင်းကား
နွားနှင့် နတ် ပျောက်သည့်ပြဿနာ။ယမန်ညက မိုးကြီးရာ
နွားနှင့် နတ် အခိုးခံရပြီလား ??? ပူလေပြီ။
နွားက ပြဿနာမရှိ နတ်က ပြဿနာ ။စိတ်ဆိုး၍များ
အိမ်က ကြွသွားလေသလား ??? မောင်မှန် ကိုမေး၏။
မောင်မှန် တွက်ချက်ကြည့်ရာ နွားရော နတ်ရော တပူးတည်း
ရှိ၏။ရွာအရှေ့တောင် ဆီးပင်အောက် ဆီးပင် အနီးရှိဖို့
များသည်။သို့သော် မဟောသေး ။ဒေါ်သောင်းစိန် သည်
ကပ်စေးနှဲ ။ ဗေဒင်လာမေးသည့် အခေါက်တိုင်း ဟောခ
မပေး။လစ်ထွက်သွားသည်ချည်း ဖြစ်၏။ဒီတခါတော့ မရ။
မောင်မှန် နှင့် တွေ့ပြီ သူဋ္ဌေးစိန်ထွန်းလည်း တပါတည်း
ပါလာလေရာ ဟန်ကျပြီ။
မောင်မှန် >>>>
ကြီးတော် သောင်းစိန် နတ်ကတော့ စိတ်ဆိုးနေတယ်။
နွားကို စီးပြီး ရွာကို ပတ်နေတာဗျ။ကျုပ်ကိုယ်တိုင် ခေါ်မှ
ရမယ့်ကိန်းပဲ။ ဗေဒင် ကိန်းအလိုအရ (၂ ၃ ၄ )တိုင်ထဲမှာ
ရွာက ကလေး လေးယောက်ကို ကျောင်းအပ်ပေးမှ
နတ်ရော နွားရော အိမ်ပြန်လာမယ့်ပုံပဲဗျ ။တခါတည်း
ဆုံးဖြတ်ဗျာ ။သာဂိတို့ ညီအကိုနဲ့ မိနှင်း မယ်တုံတို့
ဒီနှစ် ကျောင်းအပ်ဖို့ စရိတ်မရှိဘူး ကြားတယ်။ခင်များ
တာဝန်ယူမယ် ဦးစိန်ထွန်းလည်း အာမခံရင်တော့
စိတ်ချသာ အိမ်ပြန်တော့။ကျုပ် နတ်ရော နွားရော
အိမ်အရောက် လာပို့ ပေးမယ်။
သူဋ္ဌေး လင်မယား >>>>
အို အမေနံကရိုင်းသာ မငြိုမငြင်တကယ်ပြန်လာရင်
သာဂိတို့ ညီအကိုနဲ့ မိနှင်း မယ်တုံတို့ ဒီနှစ် ကျောင်းအပ်
ပေးမယ် စိတ်ချ မောင်မှန် ။နွားရော ပြန်ရမယ် မဟုတ်လား???
မောင်မှန် >>>
စိတ်သာချ အတည်
ဝိဇ္ဇာ မမည် နတ်ကြွလို့ နွားက ချစ်သည်အမှန်
ဒေါင်းသောင်းစိန် အိမ်ပြန်သာ စောင့်ပေရော့
မကြာမီ လာမည် မောင်မှန် အတည် ပြောသည်ဟုဆိုရာ
သူဋ္ဌေးလင်မယားလည်း ပြန်သွားပေရော့သည်။
ခက်သည်က နွားနှင့် နတ် ရှာဖို့ ။ဗေဒင်ကိန်းအလိုရ
ရွာအရှေ့တောင်ပိုင်း ဆီးပင်အောက်နှင့် ဆီးပင်အနီး။
ရွာ အရှေ့တောင်ပိုင်းတခုလုံး သစ်ပင်အပြည့်တောထဲ
ဆီးပင်က အပြည့် ။
မောင်မှန်လည်း သွေးမတော်သားမစပ်
ကလေးလေးယောက် ကျောင်းအပ်ရန်
စရိတ်ပူနေရာ အဆင်တော့ပြေသွားပြီ။အဓိကက
နွားနှင့် နတ် ရှာရန်သာ ။ဘယ်ဇီးပင်အောက် ဖြစ်သနည်း
တတောလုံး တောနင်းရှာရမလိုပင်။ဤတောက လူသွား
လူလာလည်း နည်းလှ၏။ညက မိုးရွာထားသည့် ကျေးဇူးကြောင့်
နွားခြေရာတော့ ကျန်မည် ဤသို့ဆိုက လွယ်လောက်၏။
မောင်မှန်းတွေးသည့် အတိုင်းပင် နွားခြေရာနောက်
လိုက်ရာ နွားကို လွယ်ကူစွါ တွေ့လေ၏။နွား၏ ချိုတွင်
အမေနံကရိုင်းနတ်ရုပ်ရွှေချက ကားယားခွလျက်။
ကြည့်ရသည်မှာ ညက မိုးလေ ပြင်း၍ နွားခြံမင်းတုပ်
နဲ့ယိုင်လေရာ နွားလည်းလန့်၍ ထွက်၏။တဆက်တည်း
အိမ်ပေါက်ဝ နတ်စင်ကို ချိုနှင့်အဝှေ့ နတ်ရုပ်လည်း
ဣနြေ္ဒ မဆည်နိုင်ပဲ ချိုကြား ကားယားပါလေသည့်ပုံပင်။
မည်သို့ပင် ဖြစ်စေ လက်နှီးစုတ် အဖိုးအို အဖွားအိုတို့ နတ်ချေး
နတ်ညှော် မောင်မှန် လျှော်ဖွပ်ပေါင်းများပြီ မပြောင်ရေးချ
မပြောင်ပေ။ပိုနေမြဲ ကျားနေမြဲ နတ်ရုပ်နှင့် နွား ပြန်ပေး
ကလေးလေးယောက် ကျောင်းအပ်ခွင့်ရလျှင် မောင်မှန်
ဗေဒင်ပညာဖြင့် ကုသိုလ်ပြုရာ ရောက်မည်။
မောင်မှန် နတ်နှင့် နွားကို
သူဋ္ဌေး ဦးစိန်ထွန်းနှင့် ဇနီး ဒေါ်သောင်းစိန် တို့ထံ
ပြန်ပို့ချေရာ သူဋ္ဌေးလင်မယားနှစ်ယောက်
အမေပြန်လာသည့် ကလေးတွေလို ပျော်မဆုံးကြ။
နတ်ရုပ်လည်း ပထမတော့ ထမီမနိုင် ပဝါမနိုင်
နွားချိုကြားတွင် ကားယား ယခုတော့ မောင်မှန်
ကြည့်ရှုစောင့်ရှောက်မှုကြောင့် ဣနြေ္ဒတခွဲသားနှင့်
ဦးစိန်ထွန်း ဒေါ်သောင်းစိန်တို့အား ခပ်တည်တည်ကြည့်လျက်
ဟန်ပန်အပြည့်နှင့်။
သူဋ္ဌေး ဦးစိန်ထွန်းနှင့် ဇနီး ဒေါ်သောင်းစိန် ထံမှ
ကလေးလေးယောက် ကျောင်းအပ်ခ စရိတ်
လေးရာ အပြင် မောင်မှန်လည်း
သဒ္ဒါကြေး သုံးဆယ် ရလိုက်ပေသည်။
မောင်မှန်သည် ဗေဒင်ဆရာတယောက်။
ဂဏန်းဗေဒင် lတားရော့ l အင်္ဂဝိဇ္ဇာ l နက္ခတ္တ l နိမိတ် l
မဟာကာလကြီး l သေသဝိဇ္ဇာ l တြိစန္ဒမင်းသားကို ကာလီဒါသ
ပညာရှိ သင်ပေးသော ဗေဒင်သုံးပုံကို တပုံတည်းချုပ်သည့်
ဗေဒင်ပညာ lဆရာမင်းသိင်္ခ၏ ဧကံသဗျာကရဏဗေဒင်ပညာl
သုံးတန်ပေါ်နိစ် lအဋ္ဌလက်ခ် lနဝင်းကိုးခိုင် lနတ်စက်ရောင်
ဆရာတော်၏ ဗေဒင်ပညာ lအာတပ္ပနပညာ lလက္ခဏာဖတ်
အတတ်ပညာ lဓါတ်ဖန်လုံး lရေနိမိတ် l ဆန်း l
သာဝတ္တိဆန်း l ပယောဂ ပညာ l ဆေးကျမ်းအလီလီ
အစရှိသည့် ဗေဒင်နည်းနာ အဖြာဖြာနှင့်
တတ်သင့်တတ်ထိုက်သည်များကို
ဆရာအခါခါ တပည့်ခံ၍ ကိုယ်တိုင်လည်း
ဗေဒင်နည်း အသစ်အဆန်းထွင်နေသော
ဆရာတပါးဖြစ်၏။
ဗေဒင်ဆရာ တယောက်ဖြစ်ဖို့  လွယ်သည်မဟုတ်။
ယခုခေတ် လူအများ ပြောကြသလို ဗေဒင်ဆိုတာ လိမ်နေတာပါကွာ ဆိုသူများ မောင်မှန် အထက်က ပြခဲ့သည့်
ဗေဒင်နည်းနာနိသယျတို့ကို စုံအောင် စေ့အောင် လေ့လာပြီးမှ
ပြောတာလား ??? ဆရာတု ဆရာယောင်
တတ်ယောင်ကားများနှင့်တွေ့၍ အလိမ်ခံရသော သူအချို့ ပြောစကားကြောင့် သူများယောင်လို့ လိုက်ယောင်သည်လား ??? စဉ်းစားကြည့်စေချင်သည်။
ဗေဒင်ဆရာ တယောက်သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရခြင်းl အချိန်တိုင်း မေတ္တာရှေးရှု ထုံမွှန်းနေရခြင်းl
မမှန်သောစကားကို မြူမျှပင် ရယ်သွမ်းသေးသည်မျှပင်
မပြောဆိုရခြင်း lကျမ်းဂန်သုတ ပြည့်စုံရခြင်း အစရှိသည်တို့လည်း လိုအပ်သေးသည်။ယခုထိ လူအများထင်သလို
ဗေဒင်ဆရာ အလိမ် မြူမျှ မြိုင်သာယာရွာတွင်
မပေါ်သေးချေ ။သူ့ဟာနဲ့သူ ဟုတ်နေ၏။
မောင်သုခ
(2015)
No comments:
Post a Comment