Friday, May 11, 2018

ရန်အလွန်ဖြစ်သော ငါတို့အမျိုး

" ခြောက်ထပ်ကြီး ရွှေသာလျောင်း
  ဘုရားကြီးနှင့် ရန်အလွန် ဖြစ်သော
  ငါတို့ အမျိုး…"

_________
မောင်သုခ
___________

[၁]

" တည်နေရာ "

ခြောက်ထပ်ကြီး ရွှေသာလျောင်း
ဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး
ဗဟန်းမြို့နယ် (S.S.C) ဆေးရုံနှင့်
မျက်နှာချင်းဆိုင်တွင် တည်ရှိသည်…
တာမွေဘက်မှ သွားလျှင် ရွှေဂုံတိုင်
ကားမှတ်တိုင် မရောက်မီ ခြောက်ထပ်ကြီး
ကားမှတ်တိုင်တွင် ရှိ၏…

[၂]

" ဘုရားကို တပါးတည်း ထားခဲ့သူများ "

မူလ ခြောက်ထပ်ကြီး ရွှေသာလျောင်း
ဘုရားကြီးကို သူဋ္ဌေးကြီး ဆာဦးဘိုသာနှင့်
သူဋ္ဌေးကတော်ကြီး ဒေါ်ပုတို့က
သက္ကရာဇ် (၁၂၆၉) ခုနှစ်တွင်
စတင်တည်ခဲ့ရာ သက္ကရာဇ် (၁၂၇၄)
ခုနှစ် တွင် ပြီးစီးခဲ့လေသည်…သို့သော်လည်း
ဘုရားကြီးမှာ အချိုးအစားမကျ၍
သပ္ပါယ်ခြင်း မရှိ ဖြစ်ခဲ့ရှာသည် …

အကြောင်းမှာ လက်ဦးပထမ
ဘုရားကြီးကို ဦးစီး၍ တည်ကြသော
လက်သမားဆရာကြီးများမှာ ဆာဦးဘိုသာ၏
ဇာတိ ဖားကူးရွာမှ အတွေ့အကြုံရှိသော
ဆရာကြီးများ ဖြစ်သော်လည်း ဘုရားဒါယကာ
ကြီး၏ ကိုယ်စားလှယ်ဖြစ်သူနှင့် ရန်သက်
စကားများကာ မသင့်မြတ် သောကြောင့်
ပြီးစီးအောင်မတည်ဘဲ ထွက်သွားကြ၏…
ငါတို့လူမျိုးသည် စိတ်ဆိုးလျှင် ဘုရားပါမချန်
ပုံမကျပန်းမကျဖြင့် ထားခဲ့ကြ
သူတွေပါတကား……  :D

[၃]

" ဘုရားကို လူမျိုးခြားလက် အပ်ပြီ "

ကိုယ်စားလှယ်လုပ်သူသည်
လူမျိုးခြား ပန်းရံဆရာတယောက်ကို
ဆက်ခိုင်းရာ မကျွမ်းကျင်၍ ဘုရားကြီးမှာ
အချိုးအစားမကျတော့ပေ …

ထိုစဉ်က ဘုရားကြီး၏
ဥာဏ်တော်အလျားမှာ
(၂၃၅) ပေ အတောင်အားဖြင့် (၁၄၀)
ရှိခဲ့သည်… ငါတို့လူမျိုးသည် စိတ်ဆိုးလျှင်
ဘုရားကိုပါ လူမျိုးခြားလက်သို့
ဝကွက်အပ်နှံသော အမျိုးပါတကား …   :D

[၄]

" ဘုရားကြီး ရဲ့ ကယ်တင်ရှင်ကြွလာခြင်း "

သက္ကရာဇ် (၁၃၁၅) ခုနှစ် နယုန်လတွင်
မုံရွာမြို့ မိုးညှင်းတောရ မိုးညှင်းဆရာတော်ကြီး
ရန်ကုန်ကြွရောက်လာစဉ် ခြောက်ထပ်ကြီး
ဘုရားကြီးကို ဖူးမျှော်ရာ စိတ်မသက်သာသဖြင့်
ပြန်လည်ပြုပြင်ရန် သြဝါဒပေးတော်မူ၏…

ထို့ကြောင့် အမြင်မသင့်တင့်သော
မူလဘုရားကြီးကို ပြန်လည်ပြုပြင်ရန်
(၁၉၅၇) သက္ကရာဇ် (၁၃၁၉)ခုနှစ်တွင်
ခြေတော်ရင်းမှ စတင်၍ ဖြိုဖျက်ခဲ့သည်…

[၅]

" ကြည်ညို ဖွယ်ရာ ခြောက်ထပ်ကြီး
  ရွှေသာလျောင်း ဘုရားကြီး … "

ဘုရားကြီးကို အသစ်ပြန်လည်ပြုပြင်ရာ
(၁၉၇၄) သက္ကရာဇ် (၁၃၃၆) ခုနှစ်တွင်
ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကို
အောင်မြင်စွါ ကျင်းပနိုင်ခဲ့၏…

ယခုအခါ ခြောက်ထပ်ကြီး ရွှေသာလျောင်း
ဘုရားကြီး၏ အတိုင်းအဆပမာဏတော်များမှာ
ပလ္လင်တော်ကြီး အလျား (၂၃၀) ပေ … အနံ
(၅၀) ပေ နှင့် အမြင့် (၅) ပေရှိသည်…
ရွှေသာလျောင်းဆင်းတုတော်ကြီး၏
ဥာဏ်တော်အလျားမှာ (၂၁၆) ပေ…
အတောင်အားဖြင့် (၁၄၄) တောင်ဖြစ်ပြီး
အမြင့်မှာ (၅၈) ပေရှိသည်…

ကိုးကား …
ဆရာလှမျိုး …
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
တန်ခိုးကြီးထင်ရှားသော ဘုရားစေတီများ…

photo - cd

No comments:

Post a Comment