" အောင်လအန်ဆန်နိုင်တာ ဘာ့ကြောင့်လဲ …??? "
__________
မောင်သုခ
_____________
(ဖေဖော်ဝါရီ -၂၃ )
[၁]
ONE Championship မှ ကျင်းပသည့် MMA
လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က
ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌
ကျင်းပရာ အောင်လအန်ဆန် (မြန်မာ) က ဘရာဇီးလ်
နိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို ပွဲအစ ၅၆ စက္ကန့်တွင်
အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆု
ဆွတ်ခူးရရှိခဲ့လေ၏။ထို့ကြောင့် မစ်ဒယ်ဝိတ်တန်းနှင့်
လိုက်ဟဲဗီးဝိတ်တန်းတို့တွင် MMA ကမ္ဘာ့ချန်ပီယံဆု
နှစ်ခုကို အောင်လအန်ဆန် က မြန်မာ့ဂုဏ်ဆောင်ကာ
ရယူနိုင်ခဲ့ပြီဖြစ်သည်။
အောင်လအန်ဆန်နှင့် မာချာဒိုတို့၏ပွဲမှာ
တစ်မိနစ်မပြည့်မီမှာပင် ပွဲသိမ်းခဲ့၍ အောင်လအန်ဆန်၏
ညာခြေကန်ချက်မှာ မာချာဒို၏ နားထင်ကိုထိမှန်၍
အနိုင်ရခဲ့ ခြင်းဖြစ်သည်။
[၂]
အဆိုပါ ရှုံးနိမ့်မှု သည် သွေးရိုးသားရိုး သမားရိုးကျ
ရှုံးနိမ့်မှု မဟုတ်ဘဲ ပြိုင်ပွဲ မတိုင်မီ ရက်များတွင်
ဘရာဇီးလ် နိုင်ငံသား အလက်ဇန္ဒားမာချာဒိုအနေဖြင့်
မြန်မာပြည်၌ ရေတွင် မစင်ပါသည်ဟု
လတ်တလောနာမည်ကြီးနေသော
ဂျိုးဖြူရေကို အကြောင်းရင်း မသိရှိဘဲ သောက်သုံး
မိခြင်းကြောင့်ဟု ပြိုင်ပွဲပြီးချိန်တွင် မီဒီယာများအား
အထက်ပါအတိုင်း ပြောဆိုလိုက်၏။
" မြန်မာနိုင်ငံကို ကျွန်တော်မလာခင်ကတည်းက
ဂျိုးဖြူ ရေ ဆိုတာကို အတော်လေး စိတ်ဝင်စား
မိပါတယ်။ ဂျိုးတောင်ဖြူစေတဲ့ ရေဆိုတော့
ဒီရေမှာ မမြင်နိုင်တဲ့ ထူးခြားတဲ့ အစွမ်းသတ္တိတွေ
ရှိလိမ့်မယ်လို့လည်း ယုံကြည်ထားတယ်။
ဒီရေကိုသာ သောက်ပြီး အောင်လကို ထိုးရင်
အသာလေး အနိုင်ယူနိုင်မှာမို့ ရန်ကုန်ကို
ရောက်ရောက်ချင်းပဲ ဂျိုးဖြူရေတွေကို
မဆန့်မပြဲ တဝကြီး စိတ်ကြိုက် အားရပါးရ
သောက်သုံးမိပါတော့တယ်။ "
မကြာပါဘူး ဂျိုးဖြူရေ အကြောင်း
မြန်မာသတင်းဌာနတွေမှာ သတင်းထူးအဖြစ်
ပါဝင်လာကြောင်း ကျွန်တော့် စကားပြန်က
ပြောလို့ သေချာစုံစမ်းခိုင်းတော့ အခုလို
သိလိုက်ရပါတော့တယ် "
[၃]
ဒါကတော့
မြန်မာနိုင်ငံရဲ့ ထူးချွန်ထက်မြက်တဲ့
ဆရာဝန်ကြီးတဦးဖြစ်သူ အသည်းရောဂါအထူးကုဆရာဝန်
ဒေါက်တာ ခင်မောင်ဝင်းက ဂျိုးဖြူရေပိုက်တွေထဲမှာ
မစင်တွေပြန့်ပွားနေတာ တွေ့ရှိတဲ့အကြောင်း
တိတိကျကျ ပြောလိုက်တာပါပဲ။
နောက်တခု ဒေါက်တာ ခင်မောင်ဝင်းကပဲ
အများပြည်သူအပေါ် မေးခွန်းတခုကို အခုလို
ထပ်မေးထားပါသေးတယ်။
" ရန်ကုန်တမြို့လုံးက ထွက်တဲ့ မစင်တွေ
ဘယ်ရောက်သွားသလဲ ပေါ့ … "
သူဆိုလိုတာကို ကျွန်တော်နားလည်လိုက်တာက
ဂျိုးဖြူ ပိုက်လိုင်းတွေကတဆင့် ဂျိုးဖြူ ရေတွေထဲ
ရောက်သွားတာကို သူဆိုလိုတာပါ။
ဒါကို ကျွန်တော်သိပါတယ်။
ကျွန်တော် အဆမတန် တဝကြီး သောက်လိုက်မိတဲ့
ဂျိုးဖြူရေတွေဟာ မစင်တွေ အပြည့်နဲ့ဆိုတာကို
သိလိုက်ရတဲ့ ခံစားချက်ကို ခင်များတို့
စဉ်းစားကြည့်ပေါ့ ဗျာ… ကျွန်တော် ညဘက်တွေဆို
အိပ်လို့ မပျော်တော့ပါဘူး … တနေ့လုံးလိုလိုလည်း
အန်တာလည်း ခဏ ခဏပါပဲ … အော့ …
အေ့ … ဂလု … ထွီ … " ဟု
ဝမ်းနည်းပက်လက် မျက်ရည်စို့ကာ
ဘရာဇီးလ် နိုင်ငံသား အလက်ဇန္ဒားမာချာဒိုက
မီဒီယာများကို ပြောလေ၏။ဆက်လက်၍
လက်ဝှေ့ပွဲအကြောင်းကို ရှင်းပြပြန်သည်မှာ…
[၄]
ကျွန်တော့ကို အောင်လ က ခြေနဲ့ကန်တဲ့အခါ
ဘယ်ဘက်လက်နဲ့ အချိန်မှီ ကာဖို့ ကြိုးစားခဲ့
ပါသေးတယ် … အဲဒီ့အချိန်…
" မြန်မာ ပရိတ်သတ်တယောက်က
ဂျိုးဖြူ ရေ အစွမ်းကွ ဆိုပြီး အကျယ်ကြီး
အလန့်တကြား ထအော် အားပေးသံကို
ကြားလိုက်ရပါတယ်… အဲဒီ့မှာ
ကျွန်တော် အတော် လန့်သွားသလို
ကြောက်အားလည်းပို ရင်ဘတ်ထဲကလည်း
ပျို့တက်လာပြီး မေ့သလို မျောသလို ဖြစ်လို့
အကန်ခံလိုက်ရပြီး အောင်လကို ရှုံးရတာပါပဲ "ဟု
ဘရာဇီးလ် နိုင်ငံသား အလက်ဇန္ဒားမာချာဒိုက
ဂျိုးဖြူရေကို အသံပါမကြားချင်တော့သည့်နှယ်
စိတ်နာတကြီးဟန်ဖြင့်
ပြောဆို ဖြေကြားလေ၏။
အောင်လက မီဒီယာများကို ဖြေကြားသည်မှာ
" ကျွန်တော်က မြန်မာပြည်ကို ခဏခဏ
ရောက်တိုင်း ဂျိုးဖြူရေကို သောက်ပါတယ်။
ဒီရေနဲ့ အတော်လေးကို အသားကျနေပါပြီ ။
ဘာပြဿနာမှ မရှိပါဘူး ။ တကယ်တော့
ဂျိုးဖြူ ရေထဲမှာ မမြင်ရတဲ့ ထူးခြားတဲ့ ဓါတ်တမျိုး
ပါဝင်တာတော့ အမှန်ပါပဲ။ အဲဒါတွေဟာ
မစင် တွေတော့ မဟုတ်ပါဘူး။
အသည်းရောဂါအထူးကုဆရာဝန်ကြီး
ဒေါက်တာ ခင်မောင်ဝင်းက ဂျိုးဖြူရေပိုက်တွေထဲမှာ
မစင်တွေပြန့်ပွားနေတယ်ဆိုတာ သတင်းမှား
တခုပါပဲ။ ဒါကို ဘရာဇီးလ် နိုင်ငံသား
အလက်ဇန္ဒားမာချာဒိုက တကယ်ထင်ပြီး
အခုလို စိတ္တဇဖြစ်သွားတာမို့ ။ ကျွန်တော်
အနိုင်ရရှိတာပါ။ သူ အခုထိ အန်နေတုန်းလို့လည်း
သတင်းကြားရတော့ စိတ်မကောင်းတာအမှန်ပါပဲ .
တကယ်တော့ ကျွန်တော် မာချာဒိုကို အနိုင်ရရှိတာ
မြန်မာပြည်ရဲ့ ထူးခြားကျော်ကြားလှတဲ့
ဂျိုးဖြူရေကြောင့်လို့ ဆိုရင်လည်း မမှားပါဘူး " ဟု
အောင်လအန်ဆန်က မီဒီယာများကို
ဖြေကြားခဲ့လေ၏။
" အောင်လအန်ဆန်နိုင်တာ ဘာ့ကြောင့်လဲ …??? "
သိလိုသူများအတွက် ဒီပိုစ့်ကို များများ
(share) ပေးလိုက်ကြပါ …
မောင်သုခ
(24-Feb-2018)
No comments:
Post a Comment