▇ " ၀ါဒဖြန့်နည်း ခုနှစ်သွယ်" ▇
_________
မောင်ဝံသ (ဒုတိယအတွေး)
▒▒▒▒▒▒▒▒▒
(၁)
အများပြည်သူတို့က မိမိတို့အပေါ်
အကောင်းမြင်လာစေရန်နှင့် မိမိတို့ပြိုင်ဘက်
များအပေါ် မကောင်းမြင်သွားစေရန် ဝါဒဖြန့်မှုများ
ပြုလုပ်ကြလေ့ရှိသည်။
(၂)
အများပြည်သူထင်မြင်ချက် ပြောင်းလဲ
စေရန်အတွက် သြဇာလွှမ်းမိုးမှု ပြုနိုင်သူ
များမှာ ရေဒီယို l ရုပ်ရှင် l ရုပ်မြင်သံကြား l
စာအုပ်စာတမ်း နှင့် သတင်းစာသမားများ
ဖြစ်ကြသည်။ထိုနယ်ပယ်မှ ပုဂ္ဂိုလ်များအား
ထင်မြင်ချက်ပုံသွင်းသူများ (Opinion Moulders)
ဟူ၍ပင် ခေါ်စမှတ်ပြုကြသည်။
(၃)
ထို့ကြောင့် ထင်မြင်ချက်ပုံသွင်းသူများအား
နိုင်ငံရေး l လူမှုရေး l စီးပွါးရေး l ယဉ်ကျေးမှု
နယ်ပယ်အသီးက အသုံးချလေ့ရှိကြသည်။
ဝါဒဖြန့်ရန် အသုံးချခြင်းဖြစ်သည်။
ထိရောက်သော ၀ါဒဖြန့်နည်းများမှာ
အောက်ပါအတိုင်း ဖြစ်သည်။
(၄)
(A) ဘေးတီးပေးသောနည်း 'Band Wagon'
လူတိုင်း လိုက်လုပ်နေကြပြီ ဟူသော
အဓိပ္ပါယ်ပေါ်လွင်အောင် ဖော်ပေးခြင်းဖြစ်၏။
လူတစ်ဦးချင်း၏ စိတ်ထဲတွင် သူတကာတွေတောင်
လုပ်နေကြပြီ၊ ငါလည်းလုပ်မှပဲဟူသော စိတ်မျိုး
ဖြစ်လာအောင် ဘေးတီးပေးခြင်းဖြစ်သည်။
(B) ပြစ်တင်ရှုတ်ချ အပုပ်ချနည်း 'Name Calling'
ရန်သူနိုင်ငံ၊ ရန်သူလူမျိုး၊ သို့မဟုတ်
ပြိုင်ဘက်စီးပွားရေးလုပ်ငန်းအတွင်း မလိုလား
အပ်သော အပြုအမူများအကြောင်း ဖွင့်ချ ကြေညာ
ခြင်းဖြင့် တစ်ဖက်ရန်သူအပေါ် အများပြည်သူက
အမုန်းကြီးမုန်း၊ အကြောက်ကြီးကြောက်ပြီး
မယုံသင်္ကာဖြစ်လာစေရန် တစ်ဖက်သား၏
ပျော့ကွက်ကို ဖော်ထုတ်သောနည်း
ဖြစ်သည်။
(C) ကိုယ့်ဂုဏ်ကို ဖော်နည်း 'Glittering Generalities'
မိမိ၏၀ါဒ၊ သို့မဟုတ် မိမိ၏ ထုတ်ကုန်ပစ္စည်း
မည်မျှကောင်းကြောင်းကို ပညာသားပါပါ ဖော်ထုတ်
အမွှမ်းတင်ကာ အများပြည်သူ ယုံကြည်လာအောင်
ဖန်တီးသောနည်းဖြစ်သည်။
(D) တံဆိပ်အငှားသုံးနည်း 'Transfer'
အများပြည်သူတို့ ကြည်ညိုလေးစားသော
ပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းကို ရှေ့တန်းတင်
အသုံးချလျက် ထိုပုဂ္ဂိုလ် ထိုအဖွဲ့အစည်းကပင်လျှင်
မိမိတို့အား ထောက်ခံအားပေးနေပြီဟု ကြော်ငြာ
သောနည်းဖြစ်သည်။
(E) လူသာမန်များကို ချီးမြှောက်သောနည်း 'Plain Folks'
သာမန်လူများကို ချီးမြှောက် ဂုဏ်ပြုခြင်းဖြင့်
လူတိုင်းက မိမိတို့ကဲ့သို့သော သာမန်လူများ၊
အညတရ ပုဂ္ဂိုလ်များသည်လည်း ချီးမြှောက်ဂုဏ်ပြု
ခံရချေသည်တကားဟု ခံယူလာပြီး သာမန်လူ
အများစု၏ ယုံကြည်ကိုးစားမှုကို ရအောင်
ယူသောနည်းဖြစ်သည်။
(F) ရည်ညွှန်းလိုက်နာစေသောနည်း 'Testimonial'
နိုင်ငံသိနိုင်ငံကျော် ပုဂ္ဂိုလ်တစ်ဦးက
ဤသို့ဤနှယ် ပြုလုပ်ခဲ့သည်ဟု မီးမောင်း
ထိုးပြကာ ပြည်သူလူထုသည်လည်း ထိုနိုင်ငံကျော်
ပုဂ္ဂိုလ်နည်းတူ လိုက်လုပ်လိုစိတ်ပေါ်ပေါက်
လာအောင် ဆွယ်ယူသောနည်းဖြစ်သည်။
(G) ပဉ္စလက်နည်း 'Card Stacking'
အခြေအနေမှန်၊ အဖြစ်အပျက်မှန်၊
အချက်အလက်မှန်ကို သိရအောင် ကြိုးပမ်းသူများ
ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားစေရန် သတင်းများကို
အမှန်ထက်ဝက်၊ မမှန်ထက်ဝက်၊ ဖုံးထက်ဝက်၊
ဖော်ထက်ဝက် လုပ်ခြင်း၊ လက်ငင်းပြဿ နာ
တစ်ခုအပေါ် အာရုံပြောင်းသွားစေရန် ပြဿ နာ
အသစ်တစ်ခု ဖန်တီးပေးသောနည်းဖြစ်သည်။
👤 မောင်ဝံသ
📔 ဒုတိယ အတွေး
📖 (32 - 33 )
Share - Aung Ko
(15- Oct - 2019)
No comments:
Post a Comment