Monday, November 11, 2019

" သင်ခန်းစာ ယူတတ်ပါစေ "

" သင်ခန်းစာ ယူတတ်ပါစေ "

__________
အောင်ကို
____________

(၁)

တိပိဋက - သုတ္တန်ပိဋက -
အဝိဇ္ဇာသုတ်မှာ ဘုရားရှင်က
အောက်ပါအတိုင်း ဟောကြားတယ်။

" မသိမှု ‘အဝိဇ္ဇာ’ ဟာ
အကုသိုလ်တရားတို့ဖြစ်ရန် ရှေ့သွား
ခေါင်းဆောင် ဖြစ်၏။ အသိဉာဏ်
‘ဝိဇ္ဇာ’သည် ကုသိုလ်တရားတို့ ဖြစ်ရန်
ရှေ့သွားခေါင်းဆောင် ဖြစ်သည်။ "

ဘုရားရှင် ဟောကြားတဲ့
အဝိဇ္ဇာသုတ်မှာ မှတ်သားစရာတွေ
ပါဝင်တယ်။ အကျယ်ဖတ်ချင်ရင်
ဒီလင့်ခ်က ဝင်ဖတ်ပါ။

" အဝိဇ္ဇာသုတ် "
http://myanmarsutta.net/%e1%80%9e%e1%80%94-%e1%81%84%e1%81%85-%e1%81%85%e1%81%86/%e1%80%9e%e1%80%94-%e1%81%84%e1%81%85-%e1%81%81-%e1%80%a1%e1%80%9d%e1%80%ad%e1%80%87%e1%81%a8%e1%80%ac%e1%80%9e%e1%80%af%e1%80%90%e1%80%b9/

(၂)

လူတစ်ချို့ကတော့ ပြောတယ်။
"မင်းရဲ့ အမှားဟာ မင်းရဲ့
အကောင်းဆုံး ဆရာ " တဲ့။

တစ်ချို့ကတော့ …
" မှားယွင်းတဲ့ လူသားတွေဟာ
  မင်းကို ဘဝသင်ခန်းစာပေးမယ့်
  အကောင်းဆုံး ဆရာတွေပါပဲ " လို့
  ဆိုကြလေရဲ့။

(၃)

ဟိန္ဒူ ဘာသာရဲ့ အထင်ကရ
ဘုရားမြတ်တစ်ဆူ ဖြစ်တဲ့
ကရိသျှဏ ဘုရားကတော့ ဒီလို
ပြောတယ်။

" ကိုယ်တိုင်လုပ်စရာ မလိုဘဲ
   သင်ခန်းစာ ယူတတ်တဲ့ သူဟာ
   ပညာရှိပဲ " လို့ ဆိုတယ် ။

(၄)

ဆိုလိုတာက မကောင်းမှုကို
ကျွန်တော်တို့ ကိုယ်တိုင်
ကျူးလွန်စရာမလိုသလို…

အမှားတစ်ခုခုကိုလည်း ကိုယ်တိုင်
မှားပြီး လုပ်စရာမလိုဘဲ တစ်စုံတစ်ဦးရဲ့
အမှားကိုကြည့်ပြီး ရှောင်ရှားစရာအဖြစ်
သင်ခန်းစာ ယူတတ်ရမယ်လို့
ဆိုလိုတာပါ။

(၅)

အလားတူပဲ ကောင်းသောအလုပ်နဲ့
မှန်ကန်တဲ့ ကိစ္စတွေကိုလည်း
တစ်စုံတစ်ဦး ပြုလုပ်တာကို ကြည့်ပြီး
ကျွန်တော်တို့အနေနဲ့ အတုယူစရာမှာ
ဖြစ်ဖြစ် l ပိုကောင်းအောင် ဖန်တီး
နိုင်ဖို့မှာဖြစ်ဖြစ် သင်ခန်းစာ
ယူတတ်ဖို့ လိုတယ်။

(၆)

ဘယ်လောက်ပဲ ဆိုးဝါးတဲ့လူလို့
ကျွန်တော်တို့ ထင်မြင်ထားတဲ့ လူဖြစ်ဖြစ်
သူ့မှာ ကောင်းကွက်လေးတစ်ခုခု
ရှိနေတတ်ပါတယ်။ အဲဒါကို
ယူလိုက်ရုံပါပဲ။

ဘယ်လောက်ပဲ သူတော်ကောင်း l
လူကောင်းလို့ ကျွန်တော်တို့ ထင်မြင်ထား
သူဖြစ်ပါစေ။ သူ့မှာ ဆိုးကွက်လေးတွေ
ရှိနိုင်ပါတယ်။ အဲဒါကို ပယ်လိုက်ရုံပဲ။

(၇)

ကိုယ်တိုင်လုပ်စရာ မလိုဘဲ
တစ်ခြားသူတွေ ဆီကနေ …
ကိုယ့်ပတ်ဝန်းကျင် နေရာတွေကနေ…
သင်ခန်းစာ ယူတတ်ကြပါစေလို့
ဆန္ဒပြု ရင်း …………………………
…………………………………………
……………………………………………

                              အောင်ကို
                            (4 - Nov - 2019)

No comments:

Post a Comment