" ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဒီမိုကရေစီဝါဒအပေါ် အမြင် "
ဒီမိုကရေစီဝါဒ အောင်မြင်စေရန်အတွက်
ပထမအဆင့်မှာ တိုင်းသူပြည်သားများသည်
အသိဥာဏ်ပညာတိုး၍ ရင့်သန်လာရမည်။
ထို့နောက် ဒီမိုကရေစီ၏ လက်တွေ့လုပ်ငန်းများတွင်
တိုး၍ တိုး၍ ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲကြရမည်။
ဒီမိုကရေစီ၏ အောင်မြင်မှုသည် လူထု၏
အသိဥာဏ်ပညာ လူထု၏ ကျွမ်းကျင်မှု လူထု၏
စိတ်ပါဝင်စားမှု လူထု၏ အများအကျိုး
ဆောင်ရွက်လိုမှုများပေါ်တွင်တည်သည်။
ထို့ကြောင့် ဒီမိုကရေစီဝါဒသည် ဝါဒအားလုံးအနက်
အခက်အခဲဆုံးသောဝါဒ ဖြစ်ပေသည်။
source>>>
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့် ရေးသားသည့် ကျောင်းတွင်း ဒီမိုကရေစီ စာအုပ်မှ
ကောက်နုတ်ဖော်ပြပါသည်။
#မောင်သုခ_မျှဝေသည်။
No comments:
Post a Comment