Wednesday, March 15, 2017

မြေငလျင်အကြောင်း_သိကောင်းစရာ

မြေငလျင်အကြောင်း_သိကောင်းစရာ

(0)

#ပိဋကတ်တော်လာ
#မြေငလျင်လှုပ်ခြင်းအကြောင်း_ရှစ်ပါး

တိပိဋက >>>  သုတ္တန်ပိဋက နိကာယ်ငါးရပ် >>>
ဒီဃနိကာယ် >>> မဟာဝဂ်ပါဠိတော် >>>
(၃)  မဟာပရိနိဗ္ဗာနသုတ် >>>

သျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော
နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

”အံ့ဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ
အသျှင်ဘုရား၊ ကြက်သီးမွေးညင်းထစေ လျက်ကြောက်မက်ဖွယ်ကောင်းသော
ဤမြေ (ငလျင်) လှုပ်ခြင်းသည် ကြီးကျယ်ပါပေစွ၊ အလွန်ကြီးကျယ်ပါ
ပေစွ၊ တော်လည်းသံ (နတ်စည်) တို့သည်လည်း တခြိမ့်ခြိမ့်
မြည်ဟည်းသွားပါကုန်၏၊ အသျှင်ဘုရား မြေ (ငလျင်)
ပြင်းစွာလှုပ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊
အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (လျှောက်၏)။

အာနန္ဒာ မြေ (ငလျင်) ပြင်းစွာလှုပ်ခြင်း၏
အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့တည်း။

အဘယ်ရှစ်ပါးတို့နည်းဟူမူ-

(၁)

အာနန္ဒာ ဤမဟာပထဝီမြေကြီးသည် ရေ၌ တည်၏၊
ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏။
အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေကုန်၏၊
ရေလှုပ်သော် မြေကိုလှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ်
လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်းအထောက်အပံ့ပေတည်း။

(၂)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း တန်ခိုးနှင့်ပြည့်စုံသော
(အဘိညာဉ်) စိတ်၌ လေ့လာပြီးသောသမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ကြီးသော တန်ခိုးအာနုဘော်ရှိသော
နတ်သည်လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်)
သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို
ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊
ပြင်းစွာ တုန်လှုပ်စေ၏၊ သွက်သွက်ခါတုန်လှုပ်စေ၏၊
ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏
နှစ်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။

(၃)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည်
တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက်ဆင်ခြင်လျက်
အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်၏၊
တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါတုန်လှုပ်၏၊
ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ သုံးခုမြောက်အကြောင်းအထောက်အပံ့ပေတည်း။

(၄)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည်
သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်မှဖွားမြင်သောအခါ
ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊
သွက်သွက်ခါတုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ်
လှုပ်ခြင်း၏ လေးခုမြောက်အကြောင်းအထောက်အပံ့ပေတည်း။

(၅)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည်
အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကိုရရှိတော်မူသောအခါ
ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ
တုန်လှုပ်၏၊့  ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏
ငါးခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။

(၆)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည်
အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကိုဟောတော်မူသောအခါ
ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊
သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ်
လှုပ်ခြင်း၏ ခြောက်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။

(၇)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည်
သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန်ပြုပြင်မှု ‘အာယုသင်္ခါရ’ ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊
ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်)
အကြီးအကျယ် လှုပ်ခြင်း၏ ခုနစ်ခုမြောက်အကြောင်းအထောက်အပံ့ပေတည်း။

(၈)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည်
ခန္ဓာနာမ်ရုပ်အကြွင်းမရှိသော ငြိမ်းခြင်း သဘောအနုပါဒိသေသ
နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤမြေကြီးသည်
လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊
ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ရှစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။

အာနန္ဒာ မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏
အကြောင်းအထောက်အပံ့တို့ကား ဤရှစ်ပါးတို့ပေတည်း။

(၉)

#ဘူမိဗေဒဖြစ်စဉ်နှင့်မြန်မာ့_ငလျင်

ကမ္ဘာမြေကြီးထု (Plate) များ တစ်ခုနှင့် တစ်ခု
တိုက်ခိုက်မှုများကြောင့် မြေငလျင်ကြီးများ ဖြစ်ပေါ်လာရခြင်း
ဖြစ်သည်။ Plate များလှုပ်ရခြင်းမှာ ကမ္ဘာမြေပြင်သည်
လည်ပတ် လှုပ်ရှားနေမှုကြောင့် ရေပေါ်တွင် ဖောင်များ
မျောသလိုမျောပြီး တစ်ခုနှင့်တစ်ခု တိုက်ခိုက်မှု ဖြစ်ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မြေငလျင် များဖြစ်ပေါ်လာခြင်းသည်
India Plate ရွှေ့လျားပြီး Burma Plate နှင့်
China Plateတို့ တိုက်မိခြင်း ကြောင့် ဖြစ်သည်။
ယင်းဖြစ်စဉ်ကို အိန္ဒိယငလျင်ကျွမ်းကျင်ပညာရှင်နှစ် ဦးက
ကမ္ဘာနှင့်နေ၊လ၊ ဂြိုဟ်များဆွဲ အားကြောင့် ဒီရေအတက်အကျဖြစ်သလို
ဂြိုဟ်ကြီးများနှင့် ကမ္ဘာမြေ တစ်တန်းတည်း ကျရောက်သောအခါ
ငလျင်လှုပ်စေသည့် အားဖြစ်ပေါ် သည့် အယူအဆကိုလည်း
တင်ပြခဲ့ ဖူးသည်။

(၁၀)

စင်စစ်ငလျင်လှုပ်မလှုပ်ကို ငလျင်မှတ်တမ်းများ
ငလျင်တိုင်းစက် များနှင့် တိုင်းတာတွက်ချက်လည်း
တိကျစွာ မရနိုင်ပေ။

သို့သော်လည်း သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုများနှင့်
ဘူမိဗေဒ ဖြစ်စဉ်ကို ကြည့် ခြင်းဖြင့် ငလျင်လှုပ်တော့မည်ကို
ကြိုတင် ခန့်မှန်းမှုများ ပြုလုပ်နိုင်သည်ဟု
ဘူမိဗေဒပညာရှင်တစ်ဦးကပြောသည်။

(၁၁)

#မြန်မာ့ငလျင်_မှတ်စု

ကမ္ဘာမြေပေါ်တွင် ငလျင်ရပ်ဝန်း နှစ်ခုရှိရာ
ပစိဖိတ် မီးတောင်ရပ်ဝန်း၊ အယ်လ်ပိုက်ရပ်ဝန်းဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် အနောက်ပိုင်းတို့သည်
အယ်လ်ပိုက်ရပ်ဝန်းတွင် ကျရောက်သည်။
ယင်းရပ်ဝန်းသည် ဟိမ၀န္တာတောင်တန်းမှ အရှေ့ဘက်
တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကပ္ပလီကျွန်း နှင့် အင်ဒိုနီးရှားနိုင်ငံတို့ပါဝင်သည်။

မြန်မာနိုင်ငံတွင်မူ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ၏ မြောက်ဘက်တွင်
ငလျင် ပိုလှုပ်နိုင်သည်ဟု ပညာရှင်အချို့က ဆိုသည်။

ငလျင် မလှုပ်နိုင်ဆုံးဒေသ မှာ တနင်္သာရီဒေသ ဖြစ်သည်။ မြန်မာပြည်
အလယ်ပိုင်း နှင့် အနောက်ပိုင်းသည် ယနေ့ထိ လှုပ်ရှားဆဲရှိသည်။

(၁၂)

ရန်ကုန် ငလျင် .....
ရန်ကုန်မြို့အောက်တွင် အားနည်းသော မြေကြောရှိနိုင်သည်။
(Geological Surver of India .. Brown J.C)
ရန်ကုန် ငလျင်နှင့်ပတ်သက်၍ (1436) ခုနှစ် တွင် လှုပ်ခဲ့ကြောင်း
ပထမဆုံးတရားဝင် မှတ်တမ်းရှိခဲ့သည်။

(1470) စက်တင်ဘာ(၉)ရက်နေ့တွင် ရန်ကုန်မြို့တွင်ငလျင်ကြီးလှုပ်ခဲ့ပြီးအကြိုငလျင်(၂၅)ကြိမ်၊ နောက်ဆက်
တွဲငလျင်အကြိမ်(၅၀)၊ နှစ်လအတွင်း လှုပ်ခဲ့ သည်။

ဒဏ်အားကို တစ်ကြိမ်တည်း  ခါ မထုတ်ပစ်ခြင်းကရန်ကုန်ကို
သက်သာစေသည်ဟု ဆိုကြကုန်သည်။
(1620 ၊ 1644 ၊ 1662 ၊ 1664 ၊ 1679 )တို့တွင်လည်း
ငလျင်များ လှုပ်ခဲ့သည်။

၎င်းနောက် နှစ်ပေါင်း(၂၀၀)နီးပါး မလှုပ်ပဲ နေခဲ့ရာမှ
(1768) ဇွန်လတွင် လှုပ်ခဲ့ရာ ရွှေတိဂုံ ပထမဖောင်းရစ်ထိ
ပြိုကျခဲ့ကြောင်း သိရသည်။

(1927 )ဒီဇင်ဘာ(၁၇)ရက်တွင်လှုပ်ခဲ့သော ငလျင်ကို
ဟံသာာဝတီ၊ အင်းစိန်၊ မအူပင်ခရိုင်များတွင်ပင် ငလျင်
အကျိုးဆက်ကို ခံစားရပြီး ဧရာဝတီမြစ်ဝကျွန်ပေါ် အောက်ခံကျောက်ထုများ အက်ကွဲကြောင်းများ အတိုင်းမြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု
ဆိုသည်။

(1930) မေ (၅)ရက်ည ရန်ကုန်ငလျင်သည် ပဲခူးမြို့အနီးကို
ဗဟိုပြုခဲ့ပြီး အဆင့်(၈)ကျော်ကာ ရန်ကုန်ငလျင်
သမိုင်းတွင် အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ နောက်ဆက်တွဲငလျင်များ
လှုပ်ခဲ့ပြီး နှစ်(၂၀)ခန့် ငြိမ်သက်နေကာ
အင်အားသေး ငလျင်များ လှုပ်ခဲ့သည်။

Credit _
@ The Great Buddha …
@ shwebogeologymajor.blogspot.com …
@ myanmarnewsupdates.blogspot.com …

#မောင်သုခ_မျှဝေသည်။

credit photo . world

No comments:

Post a Comment