Wednesday, March 15, 2017

ဗိုလ်ချုပ်အောင်ဆန်း စိတ်ကူးနှင့်လက်တွေ့

" ဗိုလ်ချုပ်အောင်ဆန်း စိတ်ကူးနှင့်လက်တွေ့"
                                                          #မောင်ထင်

၁၉၄၇ -  ဇွန်လ (၆) ရက်နေ့ ယခုပြည်လမ်း
ဆိုရင်တိုဖီလာ အဆောက်အဦးတွင် ဗိုလ်ချုပ်အောင်ဆန်းသည်
အစိုးရ အရာရှိများနှင့် အရာရှိမဟုတ်သူ လူထုခေါင်းဆောင်များကို
ဖိတ်ကြား၍ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက်
အစည်းအဝေးကြီးတခုကို ဦးဆောင်ပြီး ကျင်းပခဲ့လေသည်။

ထိုအစည်းအဝေးပွဲတွင် ဗိုလ်ချုပ်က
ပါရဂူနှင့် စပ်လျဉ်း၍  >>>

" ပါရဂူ ဆိုတိုင်း ဘယ်တော့မှ မမှားနိုင်ဘူး မထင်ပါနဲ့။
ပါရဂူဆိုတာလဲ ကျုပ်တို့လို လူတွေပါပဲ။ကျုပ်တို့ ကြည့်ရမှာ
သာမာန်လူတွရဲ့ အခြေအနေကို ကြည့်ရမှာ ဖြစ်ပါတယ်။
ပါရဂူတို့ရဲ့ ထင်မြင်ချက်ကို လေးစားပါတယ်။
သာမာန်လူဆိုတာကလည်း သူတို့ရဲ့ ထင်မြင်ချက်ကို
အများကြီး အထင်ကြီးကြပါတယ်။ဒါပေမယ့် လက်တွေ့ဟာ
အရေးကြီးပါတယ်။သာမာန်လူတွေရဲ့ အကျိုးတရားနဲ့
ကိုက်ညီတဲ့ လက်တွေ့လုပ်ငန်းတွေကိုသာ ကျုပ်တို့
ဦးစားပေးရဖို့ ရှိပါတယ် "

မြဝတီစာစောင်မှ
ကူးယူမျှဝေသည်။

#မောင်သုခ

No comments:

Post a Comment