Tuesday, June 23, 2015

Democracy: အက္ခရာ အစ -လူသား အစ နှင့် (မွန်-မြန်မာ-ရခိုင်)

***
https://plus.google.com/107249543838031884615/posts/XrWUwi1x7La

အက္ခရာ အစ လူသားအစ
မြန်မာ့သမိုင်း နှင့် (မွန် - မြန်မာ - ရခိုင် )……

အက္ခရာ အစ- စကားအစ - သမိုင်းအစ
အစရှိသည်တို့ ၏ ဇစ်မြစ်သမိုင်းကို
ရှာဖွေသူသည် သမုဒ္ဒရာ ကမ်းနားတလျောက် ပြေးလွှားနေသောကလေးသူငယ် များနှင့် တူပေသည်။

အဘယ်ကြောင့် ဆိုသော် ရှေးစကား ရှေးအက္ခရာ အပြောနှင့် အရေးအသားများ၏ အထုပ္ပတ္တိကို ယခုထက်တိုင်  သုတေသနပြူ ရှာမှီး စုံစမ်းလျက်ပင် ရှိသေးသည့်အပြင် အောက်ပါအချက်များ
ကိုလည်း တိကျပြတ်သားစွါ သိရန် လိုအပ်နေခဲ့ လိုအပ်နေမြဲ ဟုလည်း မြင်မိပါသည်။

၁။ အက္ခရာ များကို တီထွင်ရေးသား
     သူတို့    အမည်
၂။ အက္ခရာ စတင်ရေးသားသော
     ခုနှစ် သက္ကရာဇ်
၃။ အက္ခရာ များကို မည်သည့်
     ဘာသာ အယူဝါဒ စကား အတွက်
      စတင် ရေးသား သည် ။
၎။ အက္ခရာ များကို မည်သည့်
     ရေးစရာ ဝတ္ထု ပေါ်တွင်စတင်
     ရေးသားသည် တို့ဖြစ်ပါသည် ။

မြန်မာနိုင်ငံတွင် ရှေးက အသုံးပြုခဲ့သော
( မြန်မာ- မွန် - ရခိုင် ) ကျောက်စာ မှတ်တမ်း များနှင့် လက်ရှိ အသုံးပြုနေကြသော စာအက္ခရာ များသည် အိန္ဒိယ နိုင်ငံ၏ ရှေးအကျဆုံးဖြစ်သော ဗြာဟ္မီ အက္ခရာ အရေးအသားမှ ဆင်းသက်သည်ကိုတော့
မည်သူမျှ ငြင်းမရသော အချက်ပင် ဖြစ်ပေသည်။

ဤတွင် မေးစရာ ရှိလာသည်က ဗြာဟ္မီ အက္ခရာ၏အစကနဦးသည် 

အိန္ဒိယ နိုင်ငံလော ..???
မြန်မာ နိုင်ငံလော ..???
ဟူ၍ ဖြစ်ပါသည်။

တကမ္ဘာ လုံးနှင့် သမိုင်းသုတေသီတို့က အိန္ဒိယ နိုင်ငံကပါ ဟူ၍ အဖြေထုတ်ထားကြသော်လည်း မြန်မာ နိုင်ငံရော မဖြစ်နိုင်ဘူးလား ဟူ၍  စဉ်းစား စရာပင် ဖြစ်သည်။

ဗြာဟ္မီ အက္ခရာ အရေးအသားစတင်ရေးသားသော
ခုနှစ် သက္ကရာဇ်  တီထွင် ရေးသားသူ အစရှိသည်တို့နှင့် စပ်လျဉ်း၍ လည်း ကမ္ဘာပေါ်ရှိ ကျောက်စာ ပညာကျော်များ
အတိအကျ အဖြေထုတ် ဆုံးဖြတ်ချက် မချနိုင်သေးပေ။

ယူဆချက် အချို့မှာတော့ ဗြာဟ္မီ အက္ခရာသည်
ခရစ်တော် မပေါ်မှီ ရှစ်ရာစု ခုနှစ်ရာစု တွင် စတင် ပေါ်ပေါက် ဟန် ရှိသည် ဟု မှတ်ချက်ပေးကြ၏။

ဣန္ဒု မြစ်ဝှမ်း ကျောက်စာ အရေးအသား များဖြစ်သော အရုပ်စာ များ ဗြာဟ္မီ အက္ခရာသို့ မည်သို့ ဆက်နွယ် ဆင်းသက်သည် ကိုလည်းတိကျခိုင်လုံစွါ မဖော်ပြနိုင်သေးပေ။

ယဉ်ကျေးမှု  နှင့် စာပေ အစွဲကြီးမားလွန်းသော
(မွန် - ရခိုင် - မြန်မာ)နှင့် တိုင်းရင်းသားများ သတိပြုရန် မှာ

(((   ယဉ်ကျေးမှု မည်သည် အထီးတည်း
ကိုယ်တွင်းပြည့် ယဉ်ကျေးမှုဟူ၍ မရှိနိုင်သည့်နည်းတူ ဘာသာစကား အက္ခရာ တို့မည်သည်လည်း အထီးတည်း
ကိုယ်တွင်းပြည့် ဘာသာစကားဟူ၍ မရှိနိုင်ပဲ နီးစပ်ရာနှင့် ကူးလူး ဆက်ဆံရာ ဘာသာစကား အက္ခရာ အမျိုးမျိုးတို့ ပေါင်းစပ် ရောနှော ပါဝင်လျက် ရှိမည် ))) ဆိုသော အချက်ပင်
ဖြစ်သည်။

သို့ပါသောကြောင့် ဒီပုတ်ထဲက ဒီပဲ အရင်းစစ်လျှင်  အမြစ်မြေက ဆိုသကဲ့သို့ 
(မွန် - မြန်မာ - ရခိုင် )ဟူသည်မှာ
ဘမျိုးဘိုးတူ တွေ ဆိုသည့်
အချက်ပင် ဖြစ်ပါသည်။

ဘာသာစကား အက္ခရာ အစကို လေ့လာ သုတေသနပြု အဖြေထုတ်မည် ဆိုပါက အပြောစကားကို ချန်လှပ်ထား၍
မရပေ ။

လူဟူသည်မှာ စာရေးခြင်း အလေ့အထ နှင့် စကားပြောခြင်း အလေ့အထ နှစ်ခု အနက် စကားပြောခြင်း အလေ့အထ ကို အစပြုခဲ့သည်မှာ ဖုံးကွယ်၍ မရပေ။

ယခု နေသာ ကျွန်တော်က
(မွန် - မြန်မာ - ရခိုင် )မည်သူ မူလကနဦးအစ
မြန်မာ့ ကျောက်ခေတ်၌

ဦးစွါ လူဖြစ်သနည်း ..???
စကားဦးစွ့ါ ပြောပါသနည်း ..???
စာ စတင် ရေးပါသနည်း ..???

ဟူ၍  အမေးပြုက  သူ့ထက်ငါ အလုအယက်
အဖြေပြု၍

ငါတို့ ဖြစ်ပါသည်  !!!
ငါတို့ ပြောပါသည်  !!!
ငါတို့ရေးပါသည်ဟု  !!!

ပြောမည်ကို မြင်ယောင် မိသောကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထက်
အက္ခရာအစ စားခွက်လုနေသော
(မွန် - မြန်မာ - ရခိုင် )တို့
တိုင်းပြည် အတွက်ထက် မိမိ လူမျိုးစွဲ စာပေစွဲ ဖြင့် ညီညွတ်မှု ပျက်ပြား စိတ်ဝမ်းကွဲစေမှု ကြောင့် တိုင်းပြည် ဆုတ်ယုတ်မှု များကို ရှောင်ရှားကာ ရပ်တန်းက ရပ်သင့်ပြီဟု အကြံပြု လိုပါသည်။

ကျန်ရစ်သော သမိုင်း များလှန်လှော၍
အမှိုက်ပုံကိုမှ ရွေးချယ်ထိုးဆွ တိုင်းပြည် တိုးတက်မှု ထမင်းစားဝိုင်းကိုသယ်ယူ လာခြင်းသည်လည်း မသင့်တင့်သောကြောင့်
ရပ်သင့်ပေပြီ။

သမိုင်းတွင် ဖြစ်ပျက်ခဲ့သမျှသည် ယခုလက်ရှိမည်သူ တဦးတယောက်မျှ မပါဝင်ပေ။ထို သမိုင်းများသည်လည်း
မည်မျှ တိကျ မှန်ကန် ပါသည်ဟု မျက်မြင် သက်သေခံမည့်သူ မည်သူမျှ ရှိမနေ ။

စစ်၏ သဘောတရား ကို မသိပဲ လူမျိုးရေး
ဆွဲထည့် နေသော နလပိန်းတုန်း လူမျိုးစွဲ
များ သတိပြုသင့်ပေပြီ။

နမူနာ ပြုရချေက မြန်မာ နှင့် တရုတ် ယခုအခါ
စစ်ဖြစ်ချေက တရုတ်ပြည်ရှိ မြန်မာ လူမျိုးများ အသက် စတေးရသကဲ့သို့  မြန်မာပြည်ရှိ တရုတ်များလည်း အလားတူ ဖြစ်ချေမည်။
အခြား လူမျိုးများလည်း ထို့အတူ ပင်။

တိုင်းပြည်တခု ပြည်နယ်တခုသည် ကူးလူး
ဆက်ဆံလျက်ရောနှောနေထိုင်ခဲ့ကြ
နေထိုင်လျက် ရှိကြသောကြောင့် စစ်၏ဖျက်ဆီးမှု သည် လူမျိုးတမျိုးကိုသာ
ရွေးချယ်သည်ထက် ဆက်စပ် ဒေသတွင်
နေထိုင်ရှင်သန်ကြသော လူမျိုးစုံကို ထိခိုက်
ကြရစမြဲ သာ ဖြစ်ချေသည်။

ဤ သည်မှာ စစ်၏ သဘောသဘာဝ
ပင် ဖြစ်ချေသည်။

ရှေးအခါက ဖြစ်ခဲ့သော
မွန် - မြန်မာ - ရခိုင် စစ်ပွဲ တို့သည်လည်း
အလားတူသာ ဖြစ်ချေမည်။

သမိုင်းအထောက်အထားများအရ
မြန်မာဆိုသည်မှာ ကျောက်ခေတ်ကတည်းက
နေထိုင် ရှင်သန်ခဲ့ပုံများကို ထောက်ဆလျှင်
ပျူ - မွန် - မြန်မာ - ရခိုင် ဆိုသည်မှာ မူလ ကနဦးတွင် လူမျိုး တခုတည်းက ဘိုးဘေး တူညီစွါဖြင့်ဆင်းသက်ခဲ့ကြောင်း ထင်ရှားပါသည်။

ဤအချက်ကို ငြင်းပယ်လိုသော တိုင်းရင်းသား
သည် မြန်မာနိုင်ငံအတွင်း ဘယ်ကနေ၍
ဘယ်လို နောက်မှရောက်လာသော ရေမြော
ကမ်းတင် ဖြစ်သည်ကိုတော့ မိမိတို့ကိုယ်တိုင်
ငြင်းပယ် သက်သေပြု အဖြေထုတ်
ကြလေကုန် လေ ။

ဗြာဟ္မီ အက္ခရာ မြန်မာ ရရှိသည်မှာ အထူးအဆန်း မဟုတ် အိန္ဒိယ နိုင်ငံနှင့် မြန်မာ
ကူးလူး ဆက်ဆံခဲ့ကြသော ကြောင့်သာ
ဖြစ်ပေသည်။

ဗြာဟ္မီ အက္ခရာ မရရှိမီကပင် မြန်မာနိုင်ငံ
နေသူတို့ စာရေး စကားပြောမည်မှာလည်း
အလွန်ထင်ရှား၍ ပြဒါးလင်းများ ဂူ သက်သေ
ပြုပေလိမ့်မည်။

သို့ပါသော ကြောင့်
ရှေးက မည်သို့ မည်ပုံ
ဖြစ်ခဲ့မှန်း ဂဃဏန မသိပါပဲ ရမ်းသမ်း၍ တိုင်းရင်းသားချင်း မုန်းတီးမှု များသည်လည်း တိုင်းပြည် နစ်နာ ထိခိုက်မည်သာ
ဖြစ်ပြီး မည်သို့မျှ အကျိုး မြူမှုန်မမြင်ပါသောကြောင့်
(မွန် မြန်မာ ရခိုင်)တို့ အက္ခရာ အစ စားခွက် လုခြင်း အမှိုက်ပုံ ကိုရွေးထိုးဆွ၍ တိုင်းပြည် တိုးတက်မှု ထမင်းစားဝိုင်းကို
သယ်ယူ လာခြင်းတို့သည်လည်း မသင့်တင့်သောကြောင့်
ရပ်တန်းက ရပ်သင့်ပေပြီ။

နောက်ဆုံး ပြောလိုသည်မှာ ယခု မြန်မာနိုင်ငံ
တွင် ကျောင်းစာ နှင့် စကား အဖြစ် အသုံးပြု
နေသော မြန်မာ စကား မြန်မာစာ သည်လည်း
ပျူ  မွန် ရခိုင်  စကား စာပေ များနှင့် ဆက်နွယ်
ပက်သက် သကဲ့သို့ မွန် - ရခိုင် စာပေ စကား
တို့သည် ပျူ မြန်မာ စာပေစကား နှင့် မုချ
ဆက်နွယ် ပက်သက်မည်မှာ အလွန် ထင်ရှား
လွန်းပါသည်။

ယဉ်ကျေးမှု  နှင့် စာပေ အစွဲကြီးမားလွန်းသော
(မွန် - ရခိုင် - မြန်မာ)နှင့် တိုင်းရင်းသားများ သတိပြုရန် မှာ

(((   ယဉ်ကျေးမှု မည်သည် အထီးတည်း
ကိုယ်တွင်းပြည့် ယဉ်ကျေးမှုဟူ၍ မရှိနိုင်သည့်နည်းတူ ဘာသာစကား အက္ခရာ တို့မည်သည်လည်း အထီးတည်း
ကိုယ်တွင်းပြည့် ဘာသာစကားဟူ၍ မရှိနိုင်ပဲ နီးစပ်ရာနှင့် ကူးလူး ဆက်ဆံရာ ဘာသာစကား အက္ခရာ အမျိုးမျိုးတို့ ပေါင်းစပ် ရောနှော ပါဝင်လျက် ရှိမည် ))) ဆိုသော အချက်ပင်
ဖြစ်သည်။

ထို့ကြောင့် တိုင်းပြည် တိုးတက်မှု နှင့်
အနာဂါတ် မျိုးဆက် လူငယ်များ ညီညွတ်မှုကို
ရှေးရှု ဆင်ခြင်၍ မြန်မာ တိုင်းရင်းသားများ
ယခုကတည်းက ညီညွတ်သင့်ပြီ
ဖြစ်ကြောင်း အကြံပြု ရေးသား လိုက်ရပါတော့သည် ။

                      မောင်သုခ ……

credit .
ကိုးကား မှီငြမ်း - မြန်မာ အက္ခရာ နှင့်
                         ဂဏန်း သချာင်္
                          ထုပ္ပတ်    (ဦးသာမြတ်) 1972                   
                       - မြန်မာ စကား
                          (ဦးအေးချို - မဟာဝိဇ္ဇာ )
                       
                        - ဗုဒ္ဓသည် မြန်မာ လူမျိုး
                           (ဦးလှသိန်းထွဋ် )

No comments:

Post a Comment