Wednesday, June 17, 2015

Democracy: စောင့်စည်းခြင်း

https://plus.google.com/107249543838031884615/posts/PQMiz6uACUZ

စောင့်စည်းခြင်း  

အစစ် အမှန် လူပီသသော ပုဂ္ဂိုလ်သည်
စောင့်စည်းမှု ရှိရပေမည်။

မည်သည့် အရာတို့အား မည်သို့သော
စောင့်စည်းမှု ပြုသင့်သည်ကို ဘာသာ အယူဝါဒအလိုက်ကွဲပြားခြားနားနိုင်သော်လည်း လူသားအားလုံးအတွက်
မလွှဲမသွေ မှန်ကန်သော အခြင်းအရာ တို့ကိုသာ ကျွန်တော် တို့ ဆင်ခြင်ရှာဖွေသင့်ပေသည်။

ဤ သို့ရှာဖွေ ရာ၌
မကောင်းမှု တို့အား
မတွေး မကြံ ဖြစ်အောင် စောင့်စည်းခြင်း
မပြုလုပ် ဖြစ်ရန်  စောင့်စည်းခြင်း
ပြုပြီးသော မကောင်းမှု တို့အား
ထပ်မံ မပြုလုပ်ဖြစ်ရန် စောင့်စည်းခြင်း ဟူ၍
စောင့်စည်းခြင်း၏  အနှစ်သာရ သုံးမျိုး အား
မျက်မြင် ထင်ရှားစွါ မြင်တွေ့ရမည် ဖြစ်ပါသည်။

ဤ နေရာ၌  မကောင်းမှု ကို
အဓိပ္ပါယ် အနက်ဖွင့်ဆိုရန် လိုအပ်လာချေတော့သည်။

လောက တွင်
(အလို - အယူ - အထင် )မည်သော
ဤသုံးမျိုးသည် သင့်တင့်သော စိတ်ထား မရှိပါကလောက နှင့် လူ့ကျင့်ဝတ်
ဂေဟ စနစ်တို့ကို
ဖျက်ဆီး - ပျက်ဆီး နိုင်သည့် အဖျက်လက်နက်ကြီး
သုံးမျိုး ဖြစ်သည်ကိုလည်း တွေ့ရှိရပါသည်။

အလို ဟူသည်မှာ

မိမိ၏ လိုအင်ဆန္ဒ ကိုဆိုလိုပါသည်။
အကြင် လူသားသည် မိမိ၏ လိုအင်ဆန္ဒ အပေါ်၌ သမာသမတ် ကျရန်
လိုအပ်လှ၏ ။
( မတော်လျှင် ဆင်ခြင် တော်လျှင်ဝင် )
ဟူသော စကားအရ မသင့်တော် မတရားသော မိမိ လိုအင်ဆန္ဒ တို့အား ဆင်ခြင်ရန် စောင့်စည်းရန်
လိုအပ် သည်မှာ အထူးထင်ရှားသည်မို့
လူသားတိုင်းသည် မိမိ လိုအင် ဆန္ဒတို့အား
မတရားသော လိုချင်ခြင်း (ဝါ) တနည်း
မတရားသော အလို မဖြစ်စေရပဲ
တရားသော လိုချင်ခြင်း (ဝါ ) တရားသော အလို သာ ဖြစ်သင့် လှပေတော့သည်။

အယူ ဟူသည်မှာ

အယူဝါဒ မျိုးစုံ ပါဝင်သည် ဖြစ်ရာ
ဘာမှ မယု သူ နှင့် တကွ အယူဝါဒ အသီးသီး လူသား အသီးသီး နှင့် သက်ဆိုင်သော  စကားရပ် ဖြစ်ပေသည်။
သူ့ အယူ ကိုယ့်အယူ မတူညီလှသော ယနေ့ခေတ် အခါတွင် အယူဝါဒ တို့အား အခြေကျကျ လူသားတိုင်းအတွက်
ကျွန်တော်တို့ ခွဲခြမ်း စိတ်ဖြာ ဆင်ခြင်ရန် လိုအပ်လာသော အချိန် အခါ ပင် ဖြစ်တော့သည်။

မည်သည့် အယူဝါဒ ပင်ဖြစ်စေ အယူဝါဒ မယူ မရှိသူပင် ဖြစ်စေကာမူ လူသားများ နှင့် ကမ္ဘာ လောက အနာဂတ်
ငြိမ်းအေးမှု လူသား မျိုးဆက်တို့ လူကျင့်ဝတ် ကောင်းမွန်မှု
ကိုယ်ချင်းစာစိတ် ရှိမှု တို့အား ဖန်တီးသူ ဖြစ်လျှင် မည်သူပင် ဖြစ်စေကာမူ မည်သည့် ဘာသာ အယူဝါဒ ယူသူ ဖြစ်စေကာမူ အယူဝါဒ မဲ့သူ မရှိသူ ဖြစ်စေကာမူ
ဤ သို့သောသူသည် သန့်ရှင်းသော
အယူ ရှိသူ လူပီသသော အယူ ရှိသူဟု သတ်မှတ် ထိုက်၍  ဆန့်ကျင်ဘက် ပြုမူသူ သည်ကား ယုတ်မာသော အယူရှိသူ တိရစ္ဆာန် အယူရှိသူ ဟု သတ်မှတ် ထိုက်ပေတော့သည်။

ဤသို့ သတ်မှတ်ရာတွင် အထူးမှတ်သားဖွယ်ရာမှာ
ပြုသော သူ၏ အပြုအမူ အပေါ်တွင်သာ အခြေတည် အဖြေထုတ်ထား၍ ထိုသူ၏ ဘာသာ လူမျိုး အယူဝါဒနှင့်
လားလားမျှ ပက်သက်မှု မရှိသည် ကို အထူး မှတ်သားဖွယ် ဖြစ်၏။

အထင် ဟူသည် မှာကား လူသားတိုင်း၏
ထင်မြင်မှု ကို ဆိုလိုပါသည်။
အထင်သည် အထင်သာ ဖြစ်၍ အမှန်တရား မဟုတ် တတ်သည်ကို ကျွန်တော်တို့သည် ယနေ့ခေတ် အခါ၌
ကောင်းကောင်းကြီး သိသင့် ပေပြီ။

ဤ နေရာ၌ အထင် နှင့် အမှန်တရား ကွာခြားလွန်း၍ သွက်သွက်ခါ မှားယွင်း တတ်ပုံ များကို နမူနုာ ထုတ်ပြရချေက
ကမ္ဘာ့ အရေး မြန်မာ့ အရေး ကိစ္စ များစွါ၌
မျက်မြင် ထင်ရှားလှသည် ဖြစ်ရာ စာရှုသူ
ဆင်ခြင် ကြည့်ပါဟု သာ မေတ္တာ ရပ်ခံရပေတော့မည်။

သို့ ဖြစ်ပါ၍ အထင်သည်
အမှန်တရား မဟုတ်
အထင်သည် အထင်သာ ဖြစ်၍ ဆင်ခြင်သုံးသပ်ရန် အဆင့်တွင်သာ ထား၍ အထင်ကို အမှန်တရား အနေဖြင့်
မသတ်မှတ်ရန်သာ လိုရင်း ဖြစ်ပေတော့သည်။

ဤ အထက်ပါ အလို -အယူ - အထင် တို့အား စောင့်စည်းမှု ရှိသူသည် မကောင်းမှု မှ ရှောင်ကြဉ်သူမည်၍
စောင့်စည်း မှု မရှိသူကား မကောင်းမှုအား
ပြုလုပ်သူ ယုတ်မာသူ မည်ပေတော့သည် ဖြစ်သောကြောင့်
မိမိတို့ တဦးချင်းစီ ၏ အလို - အယူ -  အထင် တို့အား စောင့်စည်းကြပါစို့ဟု တိုက်တွန်း အကြံပြု
လိုက်ရပေတော့သည်။

                   မောင်သုခ ……
                                      

No comments:

Post a Comment