Check out @maung_thukha's Tweet: https://twitter.com/maung_thukha/status/611070871529062401?s=09
Democracy http://dkha1281984aungko.blogspot.com/
https://plus.google.com/107249543838031884615/posts/CmBXd83HbhU
*
ဒီမို ကရေစီ (Democracy) ……
ဒီမိုကရေစီ (Democracy) သည် ခေတ်သစ်နိုင်ငံရေး
အယူအဆများအနက် ကမ္ဘာ နှင့် အသင့်တော်ဆုံး ဖြစ်၏။
သို့သော် ဘာသာရေး လူမျိုးရေး အာဏာရေး နိုင်ငံရေး
အစရှိသည်တို့ ၏ ခြယ်လှယ် မှုအောက်ကို ဒီမိုကရေစီ
ရောက်ရှိ သွားသောအခါ ပုံမကျ ပန်းမကျ
မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ စနစ်များ ဖြစ်ပေါ်လာရတော့ပေတော့သည်။
ဒီမိုကရေစီ ဟူသောစကားရပ်မှာ ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူက အာဏာပိုင်စိုးသောစနစ် ဟုခေါ်သည်။ ပြည်သူအများစု စုပေါင်းပါဝင် အာဏာပိုင်စိုးသောစနစ်ဟုလည်း ဆိုနိုင်သည်။
စကားလုံးသဘောအရ ဒီမိုကရေစီ ဆိုသည့် အဓိပ္ပာယ်ကို
အတိအကျ အဓိပ္ပါယ် ဖွင့်ဆိုမှု ပြုရန် လိုအပ်ပေသည်။
ကမ္ဘာ့ နိုင်ငံအများစုသည် ဒီမိုကရေစီ စနစ်အနှစ်သာရကို
မူတည်၍ မိမိတို့ နိုင်ငံ ၏ ယဉ်ကျေးမှု ဘာသာရေး
စီးပွါးရေး အစရှိသည်တို့နှင့် သင့်တင့်သော ပုံစံကို
ဖန်တီး ကြပေသည်။
မြန်မာ နိုင်ငံတွင်တော့ ဒီမိုကရေစီ အမည်တပ်၍
ဗြောင်ကျကျ ပင် အာဏာရှင် စနစ်ကို လက်လွှဲပုံပြောင်း
သော အာဏာရှင် ဒီမိုကရေစီ စနစ်ကို အခြေခံဥပဒေ
(Constitutions)အကာအကွယ် ဖြင့်
ဖန်တီးထားရှိပေသည်။
မည်သို့ပင်ဖြစ်စေကာမူ ဒီမိုကရေစီ၏ အနှစ်သာရမှာ ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။
ပြည်သူ့ထံမှ ဆင်းသက်သော အာဏာမရှိ ပြည်သူတို့အတွက်
ပြည်သူတို့ထံသို့ အာဏာပြန်လည်စီးဆင်းစေခြင်း မရှိသော ဒီမိုကရေ စီမျိုးကို ပိုင်ဆိုင်ထားသော ကျွန်တ်ေတို့ နိုင်ငံအဖို့
ဒီမိုကရေစီ မရသေးပါဟု ဗြောင်ကျကျ ပြောလျှင်
သင့်တော်မည် ထင်ပါသည်။
အတင်း အဓမ္မ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်း
ပေါ် ရောက်နေပါပြီဟု ပြောမည်ဆိုပါက
မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို တိကျစွါ အမည်တပ်လျှင်
အာဏာရှင် ဒီမိုကရေစီဟုသာ အမည်တပ်ရမည်ဖြစ်ပေသည်။
အကြောင်းမှာကား ယခုလက်ရှိ မြန်မာ့ ဒီမိုကရေစီ၏
အကျိုးကို ခံစားရသည်မှာ နိုင်ငံရေး ဘာသာရေး
လူမျိုးရေး စီးပွါးရေး နယ်ပယ် အသီးသီးမှ အာဏာရှင်တို့နှင့်
ပက်သက်သူများ ပုလဲနံပ သင့်သူ များသာ ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။
ဒီမိုကရေစီ စနစ်တွင် မလွှဲ မသွေပါဝင် ရမည်တို့ကို
အနှစ်ချုပ်ပါလျှင်
၁။ လွတ်လပ်မှု
၂။ တရားမျှတမှု
၃။ သာတူညီမျှမှု
၎။ လူ့အခွင့် အရေး
၅။ တိုင်းပြည် ယဉ်ကျေးမှု
တို့ပါဝင်သည်ကို မြင်တွေ့ရပါသည်။
အထက်ပါ အချက်အလက်တို့အား
ဗရမ်းဗတာ မဖြစ်စေရန်အတွက် အခြေခံဥပဒေ
(Constitutions) ဖြင့် ချိန်ညှိ ထားရှိရပေသည်။
အခြေခံဥပဒေ (Constitutions)ကိုလည်း ပြည်သူတို့ကိုယ်တိုင်က သဘောတူ လက်ခံသော
အချက်များဖြင့် ရေးဆွဲ ၍ အစိုးရက ဥပဒေ အတိုင်း တိုင်းပြည်ကို စီမံ ဆောင်ရွက် ရပေသည် ။
ထို အစိုးရကိုလည်း ပြည်သူ့ဆန္ဒ ဖြင့်သာ ရွေးချယ်
တင်မြှောက် ကြရပေသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အစိုးရသူ များတွင် ပြည်သူ့ဆန္ဒ
နှင့် ရွေးချယ် တင်မြောက်ထားသူ မည်မျှရှိသည်
အခြေခံ ဥပဒေ တွင် ပြည်သူတို့ သဘောတူ
လက်ခံသော အချက် နှင့် ဆန္ဒ မည်မျှပါဝင်သည်ကို
ဆက်ခြင်ကြည့် ရုံ မျှဖြင့် မြန်မာ့ ဒီမိုကရေစီ ကို
ခန့်မှန်းမိလောက်ပေပြီ။
မြန်မာ နိုင်ငံသည် အနာဂါတ် မျိုးဆက်တို့အတွက်
မှန်ကန်သော ဒီမိုကရေစီ စနစ်
မြန်မြန်ဆန်ဆန် အခြေတည်မိရန် အထူးအရေးကြီးပေသည်။
ဤသည်ကို လည်း အခြေခံဥပဒေ ပြင်ဆင်မှုဖြင့်သာ
ပြုလုပ်ရမည် ဖြစ်သည်။လက်ရှိအခြေ အနေတွင်လည်း
အခြေခံဥပဒေ ပြင်ဆင်ရန် မှာ ကျဉ်းထဲကျပ်ထဲ ကျရောက်
နေပြီး (၄၃၆) တခု ကို ပြင်ဆင်ရန်ပင် ခက်ခဲနေသည်ကို
မြင်တွေ့ရသည်။
ကျွန်တော်တို့ အတွက် ကျောက်ခဲ ရေပေါ် အခွင့်အရေး
တခု မကြာမီ ရောက်ရှိလာပေတော့မည်။ဤသည်မှာ
ရွေးကောက်ပွဲ တွင် ဆန္ဒ မဲ ပေးကြရန် ဖြစ်ပါသည်။
ဤအခွင့် အရေးလက်လွတ် သွားပါက တိုင်းပြည်တိုးတက်
ဖို့ ငါးနှစ် ကြာ ထပ်မံစောင့်ရဖို့ ဖြစ်ပြီး မှန်ကန်သော
ဒီမိုကရေစီ စနစ် အမြစ်တည်မိရန် အခွင့်အရေးကိုလည်း
လက်လွှတ်ကြရပေတော့မည်။
သို့ဖြစ်ပါသောကြောင့် အနာဂါတ် မျိုးဆက် လူငယ်များ
ကျွန်တော်တို့ကဲ့သို့ အဖိနှိပ်ခံ အာဏာရှင် စနစ်ဆိုးမှ
လွတ်မြောက်ရန် အတွက် မိမိတို့ ကျရာတာဝန်ကို
မပျက်မကွက် ထမ်းဆောင်ကြရင်း မြန်မာနိုင်ငံတွင်
မှန်ကန်သော ဒီမိုကရေစီစနစ် မြန်မြန်ဆန်ဆန် အခြေတည်
မိရန်မှာ သမိုင်းပေးသော အမျိုးသားရေး တာဝန်
ဖြစ်ကြောင်း အကြံပြုရေးသား လိုက်ရပေတော့သည်။
မောင်သုခ ……
ကိုးကား = နိုင်ငံရေး ဆောင်းပါးနှင့်
စာအုပ် စာတန်းများ……
***
ဒီမို ကရေစီ (Democracy) ……
ဒီမိုကရေစီ (Democracy) သည် ခေတ်သစ်နိုင်ငံရေး
အယူအဆများအနက် ကမ္ဘာ နှင့် အသင့်တော်ဆုံး ဖြစ်၏။
သို့သော် ဘာသာရေး လူမျိုးရေး အာဏာရေး နိုင်ငံရေး
အစရှိသည်တို့ ၏ ခြယ်လှယ် မှုအောက်ကို ဒီမိုကရေစီ
ရောက်ရှိ သွားသောအခါ ပုံမကျ ပန်းမကျ
မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ စနစ်များ ဖြစ်ပေါ်လာရပေတော့သည်။

No comments:
Post a Comment