Democracy http://dkha1281984aungko.blogspot.com/
https://plus.google.com/107249543838031884615/posts/Ueo88qXTiw3
***
အမျိုးသားရေး ဆိုတာ ဘာလဲ ..???
အမျိုးသားရေး ဆိုသည်မှာ ကမ္ဘာတခု နိုင်ငံတနိုင်ငံ
ဒေသတခု ၏ လတ်တလော အရေးအကြီးဆုံး နှင့်
အင်တိုက်အားတိုက် မလွှဲမသွေ တယောက်မကျန်
ပြုလုပ်ရမည့် အကြောင်းကိစ္စ ကို ခေါ်ဆိုပါသည်။
အမျိုးသားရေးသည် အချိန်အခါ အလိုက် ပြောင်းလဲ
နိုင်သော်လည်း မည်သည့်အခါမျှမပြောင်းလဲသောအရာကား
ဆက်စပ် ဒေသအတွင်း နေထိုင်နေကြသော လူသားအားလုံး
တွင် တာဝန် ရှိသည်ဆိုသော အချက်ပင်ဖြစ်ပါသည်။
ထို့ကြောင့် အမျိုးသားရေး သည် နိုင်ငံရေး ဘာသာရေး
လူမျိုးရေး အစရှိသည့် သေးသွယ်ကျဉ်းမြောင်းသည့်
ကိစ္စရပ်တို့နှင့် လားလားမျှ ပက်သက်ခြင်းမရှိသော
လူသားအားလုံး ငြိမ်းချမ်းသာယာမှုကို ရှေးရှုသည့်
ကိစ္စရပ် တခုသာ ဖြစ်ပါသည်။
အမျိုးသားရေး ခေါင်းစဉ်အောက် ရောက်သည်နှင့်
ဘာသာရေး လူမျိုးရေး နိုင်ငံရေး ထက် အရေးကြီးသော
လူသားအရေးကို ဦးတည် သည် ဖြစ်သောကြောင့်
ဆိုင်ရာ ဗုဒ္ဓဘာသာ ခရစ်ယာန် အစ္စလာမ် ဟိန္ဒူ
ဘာသာမဲ့ အစရှိသူတို့သည် မိမိတို့ အယူဝါဒ ရေးရာနှင့်တကွ
ပါတီစွဲ လူမျိုးစွဲ တို့ကို ဦးစားပေးရှေ့တန်းတင်ရမည်ထက်
လူသားများအားလုံး ငြိမ်းချမ်းမှု အကြောင်းကိစ္စ ကို
မလွှဲမသွေ ဦးစားပေး ပြုလုပ်ရမည်ဟု ခိုင်ခိုင်မာမာ
သိရှိထားရပေမည် ။
မြန်မာနိုင်ငံ၏ လတ်တလော အမျိုးသားရေး
သည် အဘယ်နည်း ...???
ုမြန်မာ နိုင်ငံသည် နိုင်ငံရေး ကစားကွက်များအောက်
အမျိုးသားရေး ခေါင်းစဉ် အမြဲ ပျောက်နေသော
နိုင်ငံ ဖြစ်ပါသည် ။
အာဏာ ရှင် တို့သည်လည်း အမျိုးသားရေး ခေါင်းစဉ်
မပျောက်ပျောက်အောင် နိုင်ငံရေး စီးပွါးရေး လူမျိုးရေး
ဘာသာရေး တို့ဖြင့် လမ်းလွှဲ ထားတတ် ၏။
လတ်တလော မြန်မာနိုင်ငံ နေ လူသားအားလုံးနှင့်
ပက်သက်သော အမျိုးသားရေးသည် အာဏာရှင်စနစ်
အကြွင်းမဲ့ ချုပ်ငြိမ်းရန် ပင်ဖြစ်ပါသည်။
အာဏာရှင် စနစ်၏ ရေသောက်မြစ်သည် အခြေခံဥပဒေ
ဖြစ်နေသော ကြောင့် ပြုပြင်ပြောင်းလဲဖို့ အင်တိုက်အားတိုက်
ပြုလုပ်နေကြသည်ကို ယခုအခါ မြင်တွေ့ရသောကြောင့်
မျှော်လင့်စရာ ဖြစ်နေပေပြီ။
ရွေးကောက်ပွဲ အတွက် မဲစာရင်းများလည်း ယခုအခါ
ထုတ်ပြန် နေပေပြီ။မဲဆန္ဒ ပေးခြင်းသည် နိုင်ငံတခု၏
အရေးကြီးဆုံးသော အမျိုးသားရေးကို ပြုလုပ်ခြင်းပင်
ဖြစ်သောကြောင့် မေးစရာ ရှိလာသည်ကား
ကျွန်တော်တို့ မည်သည်ကို မဲ ဆန္ဒ ပြုမည်နည်း ..???
မည်သို့ပင် ဆိုစေ ကာမူ မြန်မာနိုင်ငံရေးသည်
လူဆိုး လူကောင်း အာဏာရှင် နှင့် ပြည်သူ့ဘက်တော်သား
ခွဲခြားရလွယ်ကူသော အခြေအနေတွင် ရှိနေပါသည်။
ဘယ်လိုပင် နိုင်ငံရေး မှိုင်း ဘာသာရေးမှိုင်း လူမျိုးရေးမှိုင်း
မီဒီယာ မှိုင်း တိုက်တိုက် အထက်ပါ အချက်အလက်များ
ကိုတော့ နိုင်ငံသားတိုင်း ခွဲခြားနိုင်ကြပေသည်။
သို့ဖြစ်ပါသောကြောင့် ကျွန်တော်တို့ နိုင်ငံသားတိုင်းသည်
အမျိုးသားရေး သစ္စာဖောက်များ မိမိနှင့် မိသားစု
ပက်သက်သူများကို မဖြစ်စေဘဲ အမျိုးသားရေး
တာဝန်ကို ကောင်းမွန်စွါ ဆောင်ရွက် နိုင်ကြပါစေဟု
အကြံပြု ရေးသားလိုက်ရပါတော့သည်။
မောင်သုခ ……
No comments:
Post a Comment