" စည်းလုံးညီညွတ်ခြင်း "
. ဒေါ်အောင်ဆန်းစုကြည်
တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးဟာ
တဦးရဲ့ယဉ်ကျေးမှုကို တဦးက လေးစားရမယ်။
စိတ်ဝင်စားရမယ်။ကိုယ်တယောက်တည်းဆိုပြီး
နေလို့ မဖြစ်ဘူး။ကျမတို့ တဦးချင်းရပ်တည်လို့
ဘယ်လိုမှ မဖြစ်ဘူး။ဒါက သိပ်ပြီးတော့ ရိုးရိုးသားသား
အတွေးအခေါ်ပဲ။လူတိုင်းလည်း နားလည်တယ်။
လူတယောက် ဆိုလို့ရှိရင် ကိုယ်တယောက်တည်းနေလို့
မဖြစ်ဘူး။ကိုယ့်မိသားစု အသိုင်းအဝိုင်းနဲ့ နေမှဖြစ်တယ်။
ကျမတို့ မြန်မာပြည်မှာလည်း ဒီအတိုင်းပဲ။
ဗမာ_ချည်းပဲလည်း_ရပ်တည်လို့မဖြစ်ဘူး။
မွန်_ချည်းပဲလည်း_ရပ်တည်လို့မဖြစ်ဘူး။
ရှမ်း_ချည်းပဲလည်း_ရပ်တည်လို့မဖြစ်ဘူး။
ကျမတို့ ပြည်ထောင်စုကြီး
တည်တံ့ခိုင်မြဲရေးဆိုတာ အားလုံးကနေ
တစည်းတရုံးတည်းနေမှဖြစ်မယ်ဆိုတာ
ကျမ ယုံကြည်တယ်။စဉ်းစဉ်းစားစားနဲ့ လုပ်မယ့်လူတွေ
အားလုံးလည်း ယုံကြည်မယ်လို့ ကျမ ထင်ပါတယ်။
ကျမတို့တွေဟာ ပြည်ထောင်စုအကျိုးကို
မျှော်ကိုးသွားမယ်ဆိုရင်တယောက်နဲ့ တယောက်ကို
ကူညီပြီးတော့ တယောက်နဲ့တယောက်
ညှာညှာတာတာနဲ့ ပေါင်းသင်းသွားမယ် ဆိုလို့ရှိရင်
တနေ့ထက်တနေ့ ပိုပြီးတော့
တိုးတက်စရာ အကြောင်းရှိပါတယ်။
(သထုံမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပက်သက်၍
ဟောပြောချက်မှ ကောက်နုတ် ဖော်ပြသည်။ )
maungthukha_aungko
No comments:
Post a Comment