Wednesday, April 13, 2016

လိုအပ်နေသော အမှန်တရား

***  
ဒေါက်တာ နောလစ်ခ်ျ  နှင့်
လိုအပ်နေသော အမှန်တရား …

ဒေါက်တာ နောလစ်ခ်ျ သည် နှင်းပွင့်များ
အလုအယက် မြေပေါ်ထိုးဆင်းနေသော တခုသော နံနက်တွင်
တစုံတခုကို ရှာဖွေရန် ဆုံးဖြတ်ချက်ချလိုက်ပြီး
နေအိမ်မှ ထွက်ခဲ့၏။

သူရှာဖွေမည့် အရာအား ပြန်လည်ဆင်ခြင်ကြည့်ရာ
( လိုအပ်နေသော အမှန်တရား ) ဟူ၍ ဖြစ်သည်ကို
တွေ့ရှိ၏။

ဤအရာကို မည်သူ့ဆီက သူရရှိမည်နည်း …???
မည်သို့မည်ပုံ  ရ ရှိမည်နည်း …???

စသည်ကိုတွေး၍
လွန်စွါ စိတ်အားထက်သန်လျက်ရှိနေသည်။

ဦးစွါပင် သူလိုအပ်နေသော အရာကို ဖန်ဆင်းရှင် ဘုရားသခင်ဆီက ရနိုင်မည်လား တွေးတောမိရာ
ဆုတောင်းမှုကို စတင်လေတော့သည်။

နာရီဝက်ခန့်မျှ အကြာ၌ ကလေးသူငယ် တအုပ်
ခပ်လှမ်းလှမ်းမှ ဖြတ်သန်းသွားရာမှ တစုံတခုကို တလှည့်စီ
အော်ဟစ်သွားသည်ကို ကြား၍ နားစိုက်ကြည့်ရာ

God  is dead  !!!
God  is  dead !!!
God  is   dead !!!  ဟူ၍ ဖြစ်နေလေတော့သည်။

ဒေါက်တာ နောလစ်ခ်ျ သည် သူ၏ လိုအပ်နေသော
အမှန်တရား ကို ဆက်လက်ရှာဖွေရန် ခရီးဆက်ခဲ့ရာ
လမ်းတွင် ဘာသာစုံမှ သာသနာ့ဝန်ထမ်း သာသနာပြုများနှင့်
ကြုံဆုံကာ ထိုသူများ၏ ဆိုင်ရာ တရားဓမ္မကိုလည်း
နာကြားခဲ့ရ၏ ။

ဒေါက်တာ နောလစ်ခ်ျ ရှာဖွေနေသည့်  လိုအပ်နေသော
အမှန်တရားသည် ယခုအထိ ပုန်းကွယ်နေတုန်းပင်ရှိလေ၏။

ဆက်လက်၍ ခရီးဆက်လာရာ ဘာသာမဲ့ များနှင့်
အတွေးအခေါ် ပညာရှင်များစုဝေးစကားပြောနေသည့်
လူတအုပ် ကိုတွေ့သဖြင့် မိမိရှာဖွေနေသည်မှာ
လိုအပ်နေသော အမှန်တရား အမည်ရ၍ မည်သို့ရနိုင်သနည်း…??? ဟု
စူးစမ်း ဆွေးနွေးကြည့်ရာ ဘာသာစုံ သာသနာပြုများအတိုင်းပင်
အယူအဆ အမျိုးမျိုးကို ထပ်မံကြားသိရပြန်၏။

ဒေါက်တာ နောလစ်ခ်ျ ရှာဖွေနေသည့်  လိုအပ်နေသော
အမှန်တရားသည် ယခုအထိ ပုန်းကွယ်နေတုန်းပင်ရှိလေ၏။

ဒေါက်တာ နောလစ်ခ်ျသည် စိတ်ပျက်လက်ပျက်ဖြင့်
တုန်ရီစွါ ခရီးဆက်လာရာမှ ပေါင်မုန့်တလုံးကို
မိမိအား လက်ကမ်းထိုးပေး နေသော သူတောင်းစား
ကလေးငယ်တဦးကို မျက်စိရှေ့တွင် နွမ်းပါးစွါ တွေ့ရလေ၏ ။

နော -  သားငယ် အသို့နည်း …???
       ဤပေါင်မုန့်အား အဘယ်အတွက် ကျွနုပ်အား
       ပေးပါသနည်း …???

ကလေး - အဘ ဗိုက်ဆာနေတာ သားသိပါတယ်။
         မနက်ကတည်းက ဘာမှ မစားရသေးပုံပဲ ။

နော -  သားငယ် သင်မည်သို့ သိသနည်း …???

ကလေး - သားလည်း ဗိုက်အရမ်းဆာရင် လက်တွေတုန်
         လာတယ် အဘရဲ့ ။အဘ လက်တွေတုန်နေတာ
         မြင်ရတော့ ဗိုက်ဆာ နေမှန်း သိတာပေါ့။
         အခုနက အဒေါ်တယောက် သားကို ပေါင်မုန့်
နှစ်လုံးတောင် ပေးလှူခဲ့တယ်။သား တလုံးစားပြီး ဗိုက်ဆာ
ပြေသွားပါပြီ ။ဒီတလုံးကို အဘ စားပါ ရော့ ……!!!

ဒေါက်တာ နောလစ်ခ်ျ ၏
လိုအပ်နေသော  အမှန်တရား ကိုရှာဖွေမှု
ခရီး အဆုံးသတ်လေပြီ။ဤ အမှန်တရားကို
သူရရှိလိုက်သည်မှာ ဖြူစင်သော ကလေးငယ် တဦး၏ ကိုယ်ချင်းစာစိတ်မှ ရရှိ လိုက်သည်ကိုတော့
သူတသက်မေ့နိုင်ဖွယ် ရှိတော့မည် မဟုတ်ချေ ။

သူသည် ကမ္ဘာလောက၏ အစစ်အမှန်
လိုအပ်နေသော အမှန်တရားကိုလည်း တွေ့ရှိ
လိုက်သည်ကိုတော့ မည်သူကတွေးမိပါမည်နည်း …???

                  မောင်သုခ …
                  (2014)

No comments:

Post a Comment