***
ဒေါက်တာနောလစ်ခ်ျ နှင့် လောက၏ အလှတရား……
ဒေါက်တာ နောလစ်ခ်ျ သည်
လွန်စွါကြည်လင်သာယာ လှပသော
တခုသော နံနက်တွင် ဇနီးသည်
ပြင်ဆင် ပေးသော နတ်သုဒ္ဓါ အလား
နံနက်စာကို စားသောက် နေ၏။
ပြတင်းတံခါး အပြင်ဘက်
ကျေးငှက်တို့တေးသီဟန် ပန်းများဖူးပွင့် ဟန် တို့အား
မြင်မိရာ လောက၏ သာယာဖွယ် အလှတရားအား
ဇနီးသည်နှင့် စကားစမြည် ပြောဆိုဖြစ်သည်။
နော>>>
ချစ်ဇနီး လောကသည် သာယာပေစွ။
လောက၏ အလှတရားကို သင်မည်သို့ထင်မှတ်
မိသနည်း …???
ဇနီး>>>
အို ချစ်လင် ကျွနုပ်သည် သင့်ကဲ့သို့
မျက်လုံး အမြင်မထက်သန် ။သင်ပြောကြားသော
ပန်းများ၏ အလှ ကျေးငှက်တို့ ဟန် အစရှိသည်တို့အား
ဝိုးတဝါးသာ မြင်ရပေသည်။ သို့သော်
ချစ်လင် သေချာ နားစိုက်ပါလော့ ။
ကျွန်မ အတွက် လောက၏ အလှတရားသည်
သင်သာ ဖြစ်ပေတော့သည်။
နော>>>
အို ချစ်ဇနီး သာယာဖွယ် ရှိသော နံနက်ခင်းပင်
ဖြစ်တော့သည်။ဤ သို့သော နေ့တွင် လောက၏
အလှတရားကို ကျွနုပ် ရှာတွေ့၏။
သို့သော် လောက၏ အလှတရားများသည် မည်သည့်
နေရာတို့၌ ထပ်မံရှိနေသေးသနည်း ကျွနုပ်
စူးစမ်းလိုစိတ် ဖြစ်မိပေသည်။
ဒေါက်တာ နောလစ်ခ်ျ အိမ်အပြင်သို့ထွက်လာရာ
လမ်းတလျှောက်တွင် ဘာသာစုံ လူမျိုးစုံ ရှုခင်းစုံ
အကြောင်းစုံ ဖြင့် လူ များ ဥဒဟို သွားလာ
နေကြသည်ကို မြင်တွေ့ရ၏။
သတိထား မိသည်မှာ လူသားတိုင်း၏ ပြုံးဟန် ရယ်သံ
များ ဖြစ်ပေသည်။သူစဉ်းစား မိသည်မှာ
လောက၏ အလှတရားသည် လူတို့၏ ပြုံးဟန်
ရယ်မောသံများ ဖြစ်သလား ဟူ၍ပင်
ဖြစ်တော့သည်။
ဤသို့ လောက၏ အလှတရား အကြောင်း
တွေးတောရင်းနှင့် ခရီးဆက်လာရာ
မိတ်ဆွေတဦး ဖြစ်သော ဦးကောင်း ဆိုသူနှင့်
ဆုံဆည်း မိလေ၏။
နော>>>
ဦးကောင်း အဘယ်သို့ ခရီးပြုသနည်း…???
ကောင်း >>>
နံနက်ခင်းဟာ သာယာပါဘိ မောင်နောလစ်ခ်ျ။
ကျန်းမာရေး အလို့ငှာ လမ်းလျောက်ထွက်၏။
အမောင် အသို့နည်း …???
အဘယ်အရပ်သို့ ခရီးပြုသနည်း …???
နော>>>
ဦးကောင်း လို လူငယ်ကလေးတွေ ကို စာသင်ကြား
ုအတတ်သင်လို့ အသိဥာဏ်ကြီးသူ လူကြီးသူမနဲ့ ကြုံဆုံရတာ အလွန်ဝမ်းမြောက်ဖွယ်ပါပဲ။
ကျွန်တော် လောက၏ အလှတရားများကို ရှာဖွေရန်
ခရီးပြုလာပါ၏။
ကောင်း >>>
အသို့နည်း အဆင်ပြေသော ခရီးဖြစ်ရဲ့လား…???
နော >>>
မတင်မကျ အချက်လေးတွေရှိပါ၍ ဦးကောင်းသာ
အချိန်ရရင် နံဘေးက တောလမ်းလေးသို့
ခရီးအတူ ပြုပေးပါလား ။
ဒေါက်တာ နောလစ်ခ်ျ နှင့် ဦးကောင်းသည်
အတန်ငယ် တောလမ်းလေးသို့ လျှောက်ရင်း
ကောင်း >>>
မောင်နောလစ်ခ်ျ ဆွေးနွေးကြစို့လား …
အဘယ်အရာတို့၌ သံသယ ဖြစ်သနည်း …???
နော >>>
လောက၏ အလှတရားကို ဦးကောင်း
အသို့ မြင်ပါသနည်း …???
ကျွန်တော် သိလို သဖြင့် ပြောပြပါဦး…
ကောင်း >>>
မောင်နောလစ်ခ်ျ လောက၏ အလှတရားသည်
အသိဥာဏ် သာ ဖြစ်ချေတော့သည်။
ဦးကောင်း၏ စကားအဆုံးတွင်
ဒေါက်တာ နောလစ်ခ်ျ သိရှိလိုက်သည်မှာ
လောက၏ အလှတရားသည် လူတို့၏ အသိဥာဏ်နှင့်
စိတ်ခံချက်စားချက်အပေါ် မူတည်၍ အပြောင်းအလဲ
ရှိသည် ဟူသော အချက်ပင် ဖြစ်ပေ၏။
သူတို့ နှစ်ဦး ခရီးဆက်လာရာ ခပ်လှမ်းလှမ်းမှ
ကလေးငယ် တဦး ဖက်ရွက်ခူးနေသည်ကို
ဦးကောင်းမှ ညွှန်ပြရင်း …
>>>
မောင်နောလစ်ခ်ျ ဟောဟိုက ဖက်ရွက်ခူးနေသော
ကလေးငယ်သည် ကျွနုပ်စာသင်သားများမှ
အဆင်းရဲဆုံး နှင့် အညံ့ဆုံး ကျောင်းသားငယ် တဦးဖြစ်၏။
သင်နှင့် ကြုံကြိုက်ပါက အသိအမြင် မျှဝေ
သင်ကြားပေးပါဦး …
နောလစ်ခ်ျ >>>
သို့ဆိုက ခေါ်ပါလား ဦးကောင်း ။
ကျွန်တော် သူနှင့် စကားပြောချင်ပါဘိ ။
လောက၏ အလှတရားကို သူမည်သို့ သိမြင်သည်ကို
သိလို၍ စူးစမ်းလိုပါသည်။
ဦးကောင်း ၏ ခေါ်ဆိုမှုဖြင့် ကလေးငယ်
ရောက်ရှိ သောအခါ ။
နောလစ်ခ်ျ >>>
သားငယ် သင့်ထံမှ တစုံတခုအား စူးစမ်းလို၏။
ကျွနုပ်ရှာဖွေနေသည်မှာ လောက၏ အလှတရား ဟု
အမည်ရပါသည်။သင်၏ အသိအမြင်အား
မချွင်းမချန် ပြောပြပါက အလွန်ဝမ်းသာမိပေမည်။
ကလေး >>>
ဦးနောလစ်ခ်ျ ယခု ချိန်အထိ
လောက၏ အလှတရားကို
အသို့ သိမြင်ထားသနည်း ။
နောလစ်ခ်ျ >>>
သားငယ် ယနေ့နံနက်ခင်းတွင် ဇနီးသည်၏ နံနက်စာ
စားသောက်ရင်း ပြတင်းတံခါး အပြင်ဘက်
ကျေးငှက်တို့တေးသီဟန် ပန်းများဖူးပွင့် ဟန် တို့အား
မြင်မိရာ ဤသည်တို့အား လောက၏ အလှတရားဟု
ကျွနုပ် မြင်မိပါသည်။
ဆန်းပေစွ သားငယ် ။
ဇနီးသည် ပြောသည်မှာ သူမအတွက်
လောက၏အလှတရားသည် ကျွနုပ် ဖြစ်သည်ဟု
ဆိုပါသည်။
ထပ်မံ၍လည်း
လူတို့၏ ပြုံး ရယ် ဟန်များ မြင်ရတော့
လောက၏ အလှတရားသည် လူတို့၏
အပြုံးနှင့် ရယ်မောသံများ ဖြစ်သလားဟု
တွေးတောမိပါသည်။
ထို့နောက် သင်၏ ဆရာ ဦးကောင်း
ထံမှလည်း လောက၏ အလှတရားသည် အသိဥာဏ်
ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
သားငယ် လောက၏ အလှတရားကို သင်ရော
မည်သို့ ဆိုလေမည်နည်း …???ကျွနုပ် အထူးပင်
သိလိုပါသည်။ကြားစမ်း ပါရစေလား ။
ကလေး >>>
ဦးနောလစ်ခ်ျ သိလိုက နားစိုက်ပါလော့
ကျွန်တော်သည် တောတောင် အပင် ရေတံခွန်
ချောင်း မြောင်းတို့အကြား ငါးဖမ်းရင်း သစ်ရွက်ခူးရင်း
ဈေး ဆိုင် လူစည်ကားရာ အရပ်တို့၌ လှည့်လည်ရင်း
စာသင်ကြားရင်း ဘဝကို ရုန်းကန်ရင်း
ကြေးရတက် ဓနရှင်တို့ထံ အစေခံရင်း သိရှိရသည်မှာ
လောက၏ အလှတရားသည် နေရာ တိုင်း၌ ရှိသည်ကို
တွေ့ရှိ သိမြင်ရပါသည်။
လောက၏ အလှတရားကို
ရှာဖွေ သိမြင်နိုင်ရန် လိုအပ်သည် မှာတော့
ရိုးသားဖြူစင်သည့် စိတ်ထားပင် ဖြစ်သည်ဟု မြင်မိ၏။
_ _ _ _ _ _ _
ဒေါက်တာ နောလစ်ခ်ျ အတွက်
လောက၏ အလှတရားကို ရှာဖွေမှု ခရီး
အဆုံးသတ် လေပြီ။
လောက၏ အလှတရား အကြောင်း
သေသေချာချာ သိရှိလိုက်သည်မှာ
စာအညံ့ဆုံး နှင့် လွန်စွါ ဆင်းရဲနွမ်းပါးလှသော
ကလေးငယ် တဦး ၏ အထံမှ ဖြစ်သည်ဆိုတာကိုတော့
မည်သူ သိရှိပေမည်နည်း …???
သူသည် ထိုနေ့မှ စတင်၍ လောက၏ အလှတရားတို့ကို
နေရာတိုင်း၌ ရှာဖွေရာ နေရာတိုင်း၌ တွေ့ရှိလေ၏။
လောက၏ အလှတရား သည် နေရာတိုင်း၌ ရှိနေပြီး
မိမိ ကိုယ်ကိုယ် မိမိသိခြင်းသည်ပင်
လောက၏ အလှတရား တခု ဖြစ်မှန်း
ဒေါက်တာ နောလစ်ခ်ျ သိရှိလိုက်သည်ကိုတော့
မည်သူက တွေးမိပါမည်နည်း …???
မိတ်ဆွေ သင်ရော လောက၏ အလှတရား များကို
နေရာတိုင်း၌ တွေ့ရှိပြီလား …???
မောင်သုခ …
(2014)
No comments:
Post a Comment