…
"ဥတု အားလျော်စွါ ရေနွေးချက်ခြင်း.,
ဥတုအားလျော်စွါ ရေနွေးသောက်ခြင်းအကျိုး"…
ရေနွေးသည် သလိပ်ဖျား,လေဖျား,
ချောင်းဆိုးနာ ,သလိပ်နာ ,ပန်းနာ ,သည်းခြေနာ,
လေနာ , အစာမကြေသောအနာ ,အဆီခဲနာ,
အဖျားသစ် ,တို့ကိုနိုင်သည်။ဆီးကို ရွှင်စေတတ်သည်။
ထိုအနာရှိသောသူတို့သည် ရေနွေး သောက်ခြင်း
ချိုးခြင်းကို ပြုအပ်ကုန်၏။
ဥတု အားလျော်စွါ ရေနွေးချက်နည်း
ဥတု အားလျော်စွါ ရေနွေးချက်ပုံကား .,
၁။ ဂိမှဥတု , သရဒ ဥတု တို့၌ ထက်ဝက်ကြွင်း
၂။ ဟေမန္တဥတု , သိသိရဥတုတို့၌ လေးပုံ သုံးပုံကြွင်း
၃။ဝသန္တ ဥတု၌ လေးပုံ တပုံကြွင်း
၎။ဝဿာန ဥတု၌ ရေတွင် အပြစ်များသောကြောင့်
ရှစ်ပုံ တပုံကြွင်း ချက်အပ်ကုန်၏ ။
လေးပုံ သုံးပုံကြွင်းရေသည် သည်းခြေကို နိုင်၏။
ထက်ဝက်ကြွင်းရေသည် လေကိုနိုင်၏။
လေးပုံ တပုံကြွင်း ရေသည် သလိပ်ကိုနိုင်၏။ဝမ်းချုပ်တတ်၏။ဝမ်းမီးကို
တောက်စေတတ်၏။ထိုရေသည် ချောင်းဆိုးနာ,
ပန်းနာ ,သလိပ်နာတို့ကို ပယ်နိုင်၏ အဖျားကို လျင်မြန်စွါ
ပျောက်စေ၏။ဝမ်းမီးတောက်၏ အစာကြေ၏။
လေချုပ်သောအနာ ,ကိုယ်လက်ဖျော့တော့သော
အဆင်းရှိသော ပဏ္ဍုနာ ,ရင်ဘတ်နာ ,မြင်းသရိုက်နာ,
နူနာ ,ကိုယ်ရောင်ရမ်းသောအနာ ,ဖျဉ်းနာတို့ကို နိုင်၏။
၁။သိသိရဥတု = တပို့တွဲ တပေါင်း နှစ်လသည် သိသိရ
၂။ဝသန္တ ဥတု = တန်ခူး ကဆုန် နှစ်လသည် ဝသန္တ
၃။ဂိမှ ဥတု = နယုန် ဝါဆို နှစ်လသည် ဂိမှ
၎။ဝဿာန ဥတု = ဝါခေါင် တော်သလင်းနှစ်လသည်
ဝဿာန
၅။သရဒ ဥတု = သီတင်းကျွတ် တန်ဆောင်မုန်း
နှစ်လသည် သရဒ
၆။ဟေမန္တ ဥတု = နတ်တော် ပြာသို နှစ်လသည်
ဟေမန္တ တို့ဖြစ်သည်။
ကျမ်းကိုး…
ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင်
ဥတုဘောဇန သင်္ဂဟ ကျမ်း…
မောင်သုခ…
No comments:
Post a Comment