" လူ့သက်တမ်း နှင့် အကောင်းဆုံး ဘဝနေထိုင်မှု"
လူ့သက်တမ်းကို
ပျမ်းမျှ (၇၅) နှစ်နဲ့ တွက်ရင်
ရက်ပေါင်း (၂၇၀၀၀) ဝန်းကျင်ပဲ
လူတယောက်ဟာ လူ့ဘဝမှာ
အသက်ရှင်နေထိုင်ရပါမယ်။
ကျွန်တော်တို့လို
အသက် (၃၀) စွန်းစွန်းတွေအဖို့
အသက်ရှင်နေထိုင်ဖို့
လူ့လောကမှာ ကျန်ရှိတဲ့ရက်ဟာ
ရက်ပေါင်း (၁၅၀၀၀) ဝန်းကျင်သာ
ကျန်ရှိပါတော့တယ်။
ဒါတောင် ခရီးသွားလာနေထိုင်ရင်း
အခြားအကြောင်းတွေကြောင့်
အချိန်မရွေး သေဆုံးနိုင်မှုဆိုတာ
ရှိနေပါသေးတယ်။
ဆိုလိုရင်းကတော့
လူတယောက်ဖြစ်လာပြီး
အသက်ရှင်သန်ဖို့နဲ့
အကောင်းဆုံး အကျိုှးရှိတဲ့
အလုပ်လုပ်ဖို့ အချိန်ဟာ
အလွန်တရာ နည်းပါးတယ်ဆိုတာကိုပါ။
ဒီလို အဖိုးတန်လှတဲ့
ကျွန်တော်တို့ အသက်ရှင်သန်မှု
အချိန်ကာလ နေ့ရက်တွေကို
အကျိုးမရှိ ကြောင်သန်းရှာတာမျိုး
ကြောင်ရေချိုးပေးတာမျိုးအစရှိတဲ့
(အကျိုးမရှိ အလုပ်တွေ) နဲ့သာ
ကုန်ဆုံး ရရင်
အတော့်ကို နှမြောဖို့
ကောင်းလှပါတယ်။
အဲဒါကြောင့်
မိတ်ဆွေများ
အသက်ရှင်သန်နေတဲ့
အဖိုးတန် အချိန်တွေကို
အကောင်းဆုံး အသုံးချနိုင်ပါစေလို့
ဆန္ဒပြု ရေးသားလိုက်ပါတယ်။
မောင်သုခ
(3- Sep-2016)
credit . photo
No comments:
Post a Comment