" ကိုယ်ကျင့်တရား (သို့) လူ့ကျင့်ဝတ် "
"ကိုယ်ကျင့်တရား" အကြောင်းပြောတဲ့အခါ
ကနဦး " ကိုယ်ကျင့်တရား "ဟာ
ဘယ်အပေါ် တည်မှီသလဲ …??? ဆိုတာပါပဲ။
" ကိုယ်ကျင့်တရား " အပေါ် အခုလို အမေးရှိလာရင်
ဘာသာရေးဝါဒီတွေက ဘာသာရေးအပေါ် တည်မှီတယ်လို့
ပြောလာနိုင်ကြသလို ဘာသာမဲ့ဝါဒီတွေကတော့ ဘာသာမဲ့ခြင်းအပေါ်
တည်မှီတယ်လို့ ဆိုကောင်းဆိုလာနိုင်ကြပါတယ်။
ဒဿနရေးရာဝါဒီတွေကတော့ ဘယ်သူ့ဒဿနဟာ
ဘယ်လို ကိုယ်ကျင့်တရားအတွက် အထောက်အကူဖြစ်စေပြီး
ဘယ်သူ့ ဒဿနဟာတော့ လူသားတွေရဲ့ ကိုယ်ကျင့်တရားကို
ဘယ်လို ပျက်စီးစေတယ်ဆိုပြီး ပြောကောင်းပြောလာနိုင်ပါတယ်။
ဒီနေရာမှာ လူသားတိုင်း သတိမပြုမိလိုက်တာက
လူသားဟာ မိမိရဲ့ ဖြစ်တည်မှုကို တခြားတပါးထံ
ဝကွက်အပ်နှံပြီး ပေါင်းစပ်အဖြေထုတ်လိုက်ခြင်းကိုပါပဲ။
ဒါဟာ လူသားရဲ့ အခန်းကဏ္ဍကို အလွန်မှေးမှိန်သွားစေသလို
လူသားတယောက်ရဲ့ ဖြစ်တည်မှု တန်ဖိုးကိုလည်း အလွန်နိမ့်ကျ
သွားစေတာ အမှန်ပါပဲ။
ဆိုလိုရင်းကတော့ လွပ်လပ်ဖို့ အချိန်တန်ပြီဖြစ်တဲ့
လူသားရဲ့ " ကိုယ်ကျင့်တရား " နဲ့
ဆက်စပ်တဲ့ အဖြေတွေရဲ့ အဓိက ရေသောက်မြစ်ဟာ
လူသားဖြစ်တည်မှုကနေ တနည်း လူ့ပင်ကိုယ် အသိဥာဏ်ကနေ
မဟုတ်ဘဲ လူသားရဲ့ မှီခိုအားထားရာ
အယူအစွဲတွေကနေ ဆင်းသက်လာတာကို ဆိုလိုတာပါ။
ဒီလို မဆိုင်ရာ အမြီးတပ် တလွဲ ဒဿနကိုအခြေပြုပြီး
လူတဦးချင်း ပုဂ္ဂလိက ကိုယ်ကျင့်အပြုအမူကို ဘာသာမဲ့ ဘာသာရှိခြင်းနဲ့
ဒဿနဆရာတွေအပေါ် အမျိုးစပ် ဆင်ခြင်ခြင်းပြုရာကနေ
အမြီးပေါက် မျောက်လည်း မဟုတ်တဲ့ လူသားဟာ မဆီမဆိုင်
အမြီးတွေ တသီတသန်းကြီးနဲ့ ခရီးမတွင် လမ်းမမြင်
အကျဉ်းသားဖြစ်နေတာ အမှန်ပါပဲ။လူသားရဲ့ နောက်က
အမြီးတသီတတန်း ကြီးကို အမည်ဖော် အမနာပ ပြုရရင်
ဘာသာရှိ ဘာသာမဲ့ အနာခီ ဖရီးသင့်ကာ
ဒဿနဆရာ အစရှိတာတွေပါပဲ ။(ဖြည့်စွက်ရန်)
ကျွန်တော်တို့ဟာ လူသားတွေဖြစ်တာနဲ့အညီ လူသားတိုင်းက
မိမိရဲ့ အပြောအဆို အနေအထိုင် အတွေးအကြံတွေကို
မဆီမဆိုင် မယောင်ရာဆီလူး တခြားတပါး အပြစ်ထားမှာထက်
တခြားတပါးနဲ့ ဂုဏ်ယူကြမှာထက် အချိန်တန်ပြီဖြစ်တဲ့အခါ
မိမိတာဝန် မိမိယူသင့်တယ်ဆိုတဲ့အချက်ဟာ အလွန်ထင်ရှားပါတယ်။
အနုပညာလောကမှာ အစဉ်အဆက် စကားတခွန်းကို အခြေပြု
အနက်ဖွင့်ပြပြီး လူသားရဲ့ အထက်ပါအတိုင်း ကိုယ်ကျင့်တရားအပေါ်
တလွဲတရားခံရှာခြင်းကနေ မြန်မာပြည်အတွက် ဘယ်လို ဆုတ်ယုတ်နေတယ်
ဘယ်လိုဆုတ်ယုတ်လာနိုင်တယ် ဆိုတာလေး သိမြင်သလောက်
ဆွေးနွေးသွားပါ့မယ်။
အနုပညာလောကရဲ့ အစဉ်အဆက် စကားတခွန်းက " စု တု ပြု "
ဆိုတာလေးပါ။" စု " ဆိုတာက သက်ဆိုင်ရာ နယ်ပယ်အလိုက် အသိအမြင်ကို
စုဆောင်းခြင်းပါ။ "တု " ဆိုတာကတော့ ဒီ အသိအမြင်စုဆောင်းမှုကနေ
လက်တွေ့ မိမိနှစ်သက်ရာ ပညာရှင်အတိုင်း တုပ ဖန်တီးခြင်းပါ။
" ပြု " ဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင်ဟန် အနုပညာကို ပြုလုပ်ဖန်တီး
ခြင်းပါပဲ။
မြန်မာပြည် ဘာသာရေး အယူဝါဒရေး ဒဿနရေးရာနဲ့
ကိုယ်ကျင့်တရားဆိုင်ရာနဲ့ အခြားသော အခြေအနေတွေကို
အမှန်အတိုင်း သုံးသပ်ဆင်ခြင်ရရင် အထက်ပါ " စု တု ပြု " က
" စု " ဆိုတဲ့ မိမိသက်ဆိုင်ရာ နယ်ပယ်အလိုက်ကို အသိအမြင် မစုဆောင်း
နိုင်ဘဲ ချို့တဲ့သော အသိနဲ့ မှားယွင်းသုံးသပ်အဖြေထုတ်မှုများအပေါ်
အလွန်အမင်းသာယာနေပြီး ငါမှငါ တံခွန်ထူသူ များပြားလာခြင်းပါပဲ။
ဒီမှာတင် အခြေမခိုင်တဲ့ လူသားဟာ ထပ်ဆင့်တထစ်ဖြစ်တဲ့
" တု " ဆိုတဲ့ တုပစရာကို မှားယွင်းသော အမြင်အသိ အခြေပြုပြီး
တုပမိပါတော့တယ်။တနည်းအားဖြင့် ဆန့်ကျင်မှန်းမသိ ဆန့်ကျင်မိပါတော့တယ်။
ဒါပေမယ့် ဒီလိုလူတွေ ပါးစပ်ဖျားက မချတတ်တာကတော့ မိမိဟာ
အကောင်းဆုံးနောက်လိုက်ဆိုတာနဲ့ အဆန်းသစ်ဆုံးကနဦး
ဖန်တီးသူဆိုတာကို ဖွင့်ဟပြောဆိုကြတာပါပဲ။
ဒီလို " တု " ပစရာ မှာလည်း ဆက်မှား ထပ်မှားခဲ့တဲ့လူသားရဲ့
" ပြု " ဆိုတဲ့ ကိုယ်ကျင့်တရားပိုင်း ရောက်တဲ့အခါမှာတော့
အတော့်ကို ပုံပျက်ပန်းပျက် ဖြစ်နေပါပြီ။လွပ်လပ်စွါ ထွက်ပေါ်လာရတော့မယ့်
ပြုလုပ်ဖန်တီးမှုတွေဟာ နောက်မြီးဆွဲ အမှီအခိုတွေကို တွဲလွဲခိုပြီး
မိမိပြုလုပ်မှုတွေကို မိမိ တာဝန်ယု တာဝန်ခံနိုင်စွမ်းမရှိတော့ဘဲ
အကာအကွယ်ယူ ပေါင်းစပ် အဖြေထုတ်ပါတော့တယ်။
ဒီ့ထက်ဆိုးဝါးတာကတော့ မြင်သမျှလူသားတိုင်းအပေါ်
အလားတူ ရှုမြင် အဖြေထုတ်တော့တာပါပဲ။
ဥပမာ ဘာသာရှိတယောက်ရဲ့ ကိုယ်ကျင့်တရားဟာ ဘယ်ဘာသာ
ဘယ်လိုအယူကြောင့် ဘယ်လိုဆိုးတယ် ဘယ်လိုကောင်းတယ်
အစရှိသလို အလားတူပဲ ဘာသာမဲ့ ဒဿနဝါဒီတွေကလည်း
ဘာသာမဲ့တယောက်ရဲ့ ကိုယ်ကျင့်တရားဟာ ဘာသာမဲ့ အယူကြောင့်
ဘယ်လိုကောင်းတယ် ဘယ်လို ဆိုးတယ် ဒဿနဝါဒီမှာလည်း ဒဿနဆရာတွေ
အမည်တပ်ပြီး ထပ်တူထပ်မျှ မိမိရဲ့ ကိုယ်ကျင့်တရားကို တခြားတပါး အယူအစွဲ
တွေက ဖန်တီးနေသယောင် ပြောဆို ယုံကြည်လာတာမျိုးပါပဲ။
တကယ်တော့ လူသားဟာ မိမိ ယုံကြည်ချက် အယူဝါဒ နဲ့ လမ်းပြသူ
အပေါ်လည်း ရာနှုန်းပြည့် သစ္စာမစောင့်နိုင် ရာနှုန်းပြည့်လည်း
မလွတ်မြောက်နိုင်တဲ့အခါမှာ ဟိုမရောက် ဒီမရောက် ရပ်တည်ချက်
အဖြေထုတ်မှုတွေ ထွက်ပေါ်လာတယ် ဆိုရပါမယ်။ဒါဟာ သနားစရာလူသား
အဖို့ ကမ္ဘာဦးအခါက အစကနဦး ကိုးကွယ်ရာ အားကိုးရှာတာနဲ့
ထူးမခြားနား ဖြစ်စဉ်ပါပဲ။ဒါလေးကတော့ အယူဝါဒတခုခု
လက်ကိုင်ပြုထားသူတိုင်း မိမိကိုယ် မိမိ ပြန်လည် ဆင်ခြင်သုံးသပ်ရမယ့်
အချက်တခုဖြစ်ပါတယ်။
ဒီအခါ မိမိရဲ့ အားနည်းချက်နဲ့ အမှားကို ရာနှုန်းပြည့် တာဝန်ခံမှု ကင်းမဲ့သွားပြီး
အကာအကွယ်ကို အားကိုးတကြီးရှာဖွေပြီးသကာလ တရားခံလွှဲချသလို
ကိုယ့်ရဲ့ ကိုယ်ကျင့်တရား နဲ့ တပါးသူများ ကိုယ်ကျင့်တရားဟာ
လူသားဖြစ်တည်မှုအပေါ် တာဝန်မခံဘဲ အယူဝါဒ ရေးရာနဲ့
တပါးကို အပြစ်ဖို့ပါတော့တယ်။အမှားတခု အမှန်တခု အကြောင်းတခုဖြစ်တိုင်း
လူသားအပေါ်အဖြေမထုတ်တော့ပဲ သူနဲ့ပက်သက်ရာ နီးစပ်ရာကို
လွဲမှားစွါ ပေါင်းစပ်အဖြေထုတ် ကြပါတော့တယ်။
ဒါကို မြင်သာအောင် ပြောပြရရင် ဘာသာရှိတယောက် အကောင်း အဆိုးဟာ
၎င်း ဘာသာတရားကြောင့် ဖြစ်တယ်လို့ တဖက်ပိတ် အဖြေထုတ်လိုက်ကြသလို
ဘာသာမဲ့တယောက် အခြားသူတယောက်ယောက်ရဲ့ အကောင်းအဆိုးဟာလည်း
ထိုသူရဲ့ သက်ဆိုင်ရာ အယူဝါဒကြောင့် မုချဖြစ်ပါတယ်လို့ မျက်စိစုံမှိတ်
အဖြေထုတ်မှုတွေကို ပြုလာခြင်းပါပဲ။
တကယ်တွေးခေါ်ဆင်ခြင်ကြည့်ရင် လူဟာ မိမိပုဂ္ဂလိက လုပ်ရပ်အပေါ်
မိမိတာဝန်ယူရမှာ ဖြစ်သလို တပါးသူတွေဟာလည်း ကိုယ်တိုင်
တာဝန်ယူမှု တဦးချင်းပြုသင့်တာကို ထင်ရှားစွါ တွေ့မြင်နိုင်ပါတယ်။
ဘာသာတရားနဲ့ အယူဝါဒ အပေါ်လွှဲချတာ လွှဲချမှာထက် မိမိကိုယ်တိုင်သာ
တာဝန်ယူမှုကို ကိုယ်တိုင်ဖွင့်ဟ ဝန်ခံသင့်ပါတယ်။
တကယ်တော့ ဘယ်လောက်ပဲ အယူဝါဒ နဲ့ လမ်းပြသူ ဆရာ တူညီသူပင်
ဖြစ်စေကာမူ လူသားတဦးချင်းလုပ်ရပ်ဟာ အဆိုပါလူသားရဲ့
အတွေးအကြံကနေ ဆင်းသက်တာချည်းမို့ ဘယ်လိုမှ တထပ်တည်း
မတူညီနိုင်ပါဘူး။ဆန့်ကျင် ကွဲပြားတာကသာ များပါတယ်။
ဒါဟာ အယူဝါဒ နဲ့ လမ်းပြသူတွေဟာ လူသားအပေါ်
မစိုးမိုးနိုင်မှုကို ထင်ရှားစေတဲ့ ပြယုဂ်ပါပဲ။
ဆိုလိုတာကတော့ လူသားဟူသမျှဟာ မိမိပုဂ္ဂလိက ခံစားချက်အရ
လျင်မြန်စွါ ပြုမူကြတာချည်းပါပဲ။ဒါ့ကြောင့်လည်း ဘာသာတိုင်း
လူမျိုးတိုင်းမှာ အယူဝါဒတိုင်းမှာ လူယုတ်မာ ရှိသလို သူတော်ကောင်း
လူကောင်းတွေလည်း ရှိကြတာကို ထင်ရှားသော သက်သေအနေနဲ့
တွေ့ရတာပါ။
" တယောက်တည်းဟာ ဘယ်တော့မှ အများကို ကိုယ်စားမပြုပါဘူး။ "
" အများဟာလည်း တဦးတယောက်ချင်းအထိ ကိုယ်စားမပြုနိုင်ပါဘူး။ "
" လူသားတဦးဟာ လူသားတဦးကိုသာ ကိုယ်စားပြုပါတယ်" ။
ဒီစကားဟာ နာကျင်ခံခက်စကားဖြစ်ပြီး အမှားအယွင်း ရှုထောင့်ကနေ
ကြည့်ရှုတဲ့အခါ ကမ္ဘာတည်သရွေ့ မှန်နေမယ့်စကားပါပဲ။
ဆိုလိုတာကတော့ ဗုဒ္ဓဘာသာဝင်တယောက်ဟာ ဗုဒ္ဓဘာသာအားလုံးကို
ဘယ်တော့မှ ကိုယ်စားမပြုနိုင်သလို ဘာသာမဲ့တယောက်ဟာလည်း
ဘာသာမဲ့ အားလုံးကို ဘယ်တော့မှ ကိုယ်စားမပြုနိုင်ပါဘူး။ဒီလိုမျိုး
ဆင့်ပွါးတွေးကြည့် ဆင်ခြင်ကြည့်ရင် တဦးတယောက်နဲ့ အနည်းစု
လုပ်ရပ်တွေဟာ အများကို ကိုယ်စားမပြုနိုင်ခြင်းများစွါနဲ့ ဆန့်ကျင်ဘက်တွေ
ကိုလည်း ထင်ရှားစွါ သိမြင်နိုင်ပါတယ်။
ဒီလို တဦးတယောက်လုပ်ရပ်တွေအပေါ်မယ်လည်း အများနဲ့ရောထွေး
အဖြေထုတ်လာကြတဲ့အခါ လူသားဟာ ကျေးကျွန်ဘဝကနေ မတက်နိုင်တော့ဘဲ
ဒီဘူတာပဲ ပြန်ပြန်ဆိုက်သလို အကာအကွယ်ယူခြင်းခေါင်းစဉ်သာ
အမျိုးမျိုး ကွဲပြားသွားမယ် ထူးမခြားဇာတ်လမ်း သူ့ငါစွပ်စွဲ ငါ့သူစွပ်စွဲမျိုး ဖြစ်နေပြီး
တစုံတခု အယူဝါဒ အစွဲရဲ့ ကျေးကျွန် နောက်လိုက် အမည်ခံ ဖြစ်မှန်းမသိ
ဖြစ်နေတော့တာပါပဲ။ပြုလုပ်သူရဲ့ အယူအစွဲ အပေါ် အဖြေထုတ်
ကောက်ချက်ချသူရဲ့ အယူအစွဲက ထပ်ဆင့်လိုက်တဲ့အခါ
အပြန်အလှန် ဆိုးရွားသော ဒဿနသေဆုံးမှုတွေ
ဖြစ်လာပါတော့တယ်။
ပိုစ့်ကို ပြန်ကောက်ရရင် ကျွန်တော်တို့ဟာ မိမိဖြစ်တည်မှု
တန်ဖိုးကို မိမိမြှင့်တင်ချင်ရင် ခေါင်းစဉ်တွေရဲ့ လောင်းရိပ်အောက်ကနေ
ရုန်းထွက်သင့်ပါတယ်။
" ကိုယ်ကျင့်တရား "ဟာ
ဘယ်အပေါ် တည်မှီသလဲ …???
" ကိုယ်ကျင့်တရား " အပေါ် အခုလို အမေးရှိလာရင်
ဘာသာရေးဝါဒီတွေက ဘာသာရေးအပေါ် တည်မှီတယ်လို့
ပြောလာနိုင်ကြသလို ဘာသာမဲ့ဝါဒီတွေကတော့ ဘာသာမဲ့ခြင်းအပေါ်
တည်မှီတယ်လို့ ဆိုကောင်းဆိုလာနိုင်ကြပါတယ်။
ဒဿနရေးရာဝါဒီတွေကတော့ ဘယ်သူ့ဒဿနဟာ
ဘယ်လို ကိုယ်ကျင့်တရားအတွက် အထောက်အကူဖြစ်စေပြီး
ဘယ်သူ့ ဒဿနဟာတော့ လူသားတွေရဲ့ ကိုယ်ကျင့်တရားကို
ဘယ်လို ပျက်စီးစေတယ်ဆိုပြီး ပြောကောင်းပြောလာနိုင်ပါတယ်။
ဒီနေရာမှာ လူသားတိုင်း သတိမပြုမိလိုက်တာက
လူသားဟာ မိမိရဲ့ ဖြစ်တည်မှုကို တခြားတပါးထံ
ဝကွက်အပ်နှံပြီး ပေါင်းစပ်အဖြေထုတ်လိုက်ခြင်းကိုပါပဲ။
ဒါဟာ လူသားရဲ့ အခန်းကဏ္ဍကို အလွန်မှေးမှိန်သွားစေသလို
လူသားတယောက်ရဲ့ ဖြစ်တည်မှု တန်ဖိုးကိုလည်း အလွန်နိမ့်ကျ
သွားစေတာ အမှန်ပါပဲ။
ဆိုလိုရင်းကတော့ လွပ်လပ်ဖို့ အချိန်တန်ပြီဖြစ်တဲ့
လူသားရဲ့ " ကိုယ်ကျင့်တရား " နဲ့
ဆက်စပ်တဲ့ အဖြေတွေရဲ့ အဓိက ရေသောက်မြစ်ဟာ
လူသားဖြစ်တည်မှုကနေမဟုတ်ဘဲ လူသားရဲ့ မှီခိုအားထားရာ
အယူအစွဲတွေကနေ ဆင်းသက်လာတာကို ဆိုလိုတာပါ။
ဒီလို မဆိုင်ရာ အမြီးတပ် တလွဲ ဒဿနကိုအခြေပြုပြီး
လူတဦးချင်း ပုဂ္ဂလိက ကိုယ်ကျင့်အပြုအမူကို ဘာသာမဲ့ ဘာသာရှိခြင်းနဲ့
ဒဿနဆရာတွေအပေါ် အမျိုးစပ် ဆင်ခြင်ခြင်းပြုရာကနေ
အမြီးပေါက် မျောက်လည်း မဟုတ်တဲ့ လူသားဟာ မဆီမဆိုင်
အမြီးတွေ တသီတသန်းကြီးနဲ့ ခရီးမတွင် လမ်းမမြင်ဖြစ်နေတာ
အမှန်ပါပဲ။
လူဟာ လူပါပဲ။လူသားတဦးဟာ မိမိရဲ့ ပုဂ္ဂလိက ခံစားချက်အတိုင်း
ဘာမဆိုလုပ်ခွင့်ရှိပါတယ်။ဒါပေမယ့် မိမိ လုပ်ဆောင်မှုအပါ်
မိမိတာဝန်ယူမှု အပြည့်အဝရှိရမှာ ဖြစ်သလို တပါးသူရဲ့ ပြုလုပ်မှုဟာလည်း သူတဦးတည်းမှာသာ တာဝန်ရှိကြောင်း သိသာထင်ရှားစေရပါမယ်။
ကိုယ်ကိုယ်တိုင်လည်း လူသားဖြစ်တည်မှုကို ဆန့်ကျင်ပြီး အမြီးတွေနဲ့
မရပ်တည်သလို တပါးသူအပေါ်လည်း အမြီးတွေနဲ့ ရောထွေးပြောဆို
အဖြေမထုတ်မိအောင် စောင့်စည်းခြင်းရင်း ဒဿနသတ်ဖြတ်မှုတွေကို
ရှောင်ရှားခြင်းကသာ လူသားရဲ့ ကိုယ်ကျင့်တရား ဆိုင်ရာ ပြဿနာကို
လူသားမှာသာ အားလုံးက အဖြေထုတ်ကြရင်း ဝင်္ကပါနယ်မှ ထွက်လို့
မှန်ကန်သော အမြင်အသိနဲ့ လူ့ဖြစ်တည်မှုကို အကာင်းဆုံး
ဆွေးနွေး အဖြေထုတ် ရပ်တည်နိုင်ကြပါစေကြောင်း
ဆန္ဒပြု ရေးသားလိုက်ပါတယ်။
မောင်သုခ
(1- Nov-2016)
No comments:
Post a Comment